banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Integrated Disease Management

အပင်ကျန်းမာရေးတွင် အဓိကသတိထားရမည့်အချက်များ

အပင်ရောဂါများကို ဘက်စုံနည်းဖြင့်ကာကွယ်နှိမ်နင်းခြင်း ( Integrated Diseases Management )

integrated-diseases-management

သီးနှံများတွင်ကျရောက်သောရောဂါများကို ဓါတုဗေဒပစ္စည်းများ ပါဝင်သော ဆေးတစ်ခုတည်း သုံးစွဲခြင်းထက် ဘက်စုံကာကွယ်နည်း အသုံးပြုခြင်းက ပိုမိုထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။

  • (၁) ပေါင်းပင်များ၌ ရောဂါဖြစ်စေသော သက်ရှိများ ခိုအောင်းနေနိုင်သဖြင့် စိုက်ခင်းထဲ (သို့) ဘေးရှိပေါင်းပင်များ၊ အလေ့ကျပေါက်နေသော သီးနှံပင်များကို နှုတ်ယူမီးရှိှု့ရှင်းလင်းပါ။
  • (၂) ရောဂါကျရောက်လေ့ရှိသော ရာသီဥတုရှောင်နိုင်ရန် သီးနှံကို စောစိုက်ခြင်း (သို့) နောက်ကျမှစိုက်ခြင်းပြုလုပ်ပေးပါ။
  • (၃) မြေကြီးအတွင်း ခိုအောင်းနေသော ရောဂါဖြစ်စေ သက်ရှိများသေစေရန် မစိုက်မီထယ်နက်နက်ထိုးပြီး မြေလှန်ပစ်ရန်။
  • (၄) ရောဂါခိုအောင်းနိုင်သည့် ပင်ကြွင်းပင်ကျန်၊ ရိုးပြတ်ငုတ်တိုများကို စုပုံဖယ်ရှားမီးရှို့ပစ်ပါ။
  • (၅) ရောဂါမြေကွက်၌ သီးနှံတစ်မျိုးတည်း နှစ်စဉ်မစိုက်ဘဲ လက်ခံပင်မဟုတ်သော သီးနှံပင်များနှင့် အလှည့်ကျစိုက်ပျိုးပါ။

    ဥပမာ(၁) – စပါး – စပါး – စပါး (မှား)
    – စပါး – ပဲ – မြေပဲ (မှန်)
    ဥပမာ(၁) – ခရမ်းချဉ် – ငရုတ် – ခရမ်းပင် (မှား)
    – ခရမ်းချဉ် – ပြောင်း – မြေပဲ (မှန်)

  • (၆) စိုထိုင်းဆနည်းစေရန် ပင်ကြား ၊ တန်းကြား ခွာပေးပါ။
  • (၇) ဗိုင်းရပ်စ် ၊ မိုက်ကိုပလာစမာ သက်ရှိများသည် အင်းဆက်ဖျက်ပိုးများမှတဆင့် တစ်ပင်မှတစ်ပင်သို့ ရောဂါကူးစက်စေနိုင်သဖြင့် ဖျက်ပိုး စတွေ့လျှင်တွေ့ချင်း ပိုးသတ်ဆေးဖျန်းပါ။
  • (၈) ရောဂါကင်းအကွက်မှ ရောဂါကင်းမျိုးစေ့ကိုသုံးပါ။
  • (၉) မျိုးစေ့မစိုက်မီ ဆေးလူးနယ်ခြင်း၊ မျိုးစေ့ဆေးစီရင်ပေးခြင်းပြုလုပ်ပါ။ သို့မှသာ မြေကြီးအတွင်းခိုအောင်းနေသော ရောဂါဖြစ်စေ သက်ရှိများ မျိုးစေ့ထဲမ၀င်စေရန်နှင့် မျိုးစေ့၌ကပ်ပါလာသော ရော၈ါဖြစ်စေ သက်ရှိများသေစေရန်ဖြစ်သည်။
  • (၁ဝ) မှိုသတ်ဆေးများကို လိုအပ်သည်ထက်ပိုပြီး အလွန်အကျွံမသုံးရ။
  • (၁၁) နိုထရိုဂျင်မြေသြဇာ / ပုလဲမြေသြဇာ အလွန်အကျွံမသုံးရ။
  • (၁၂) ရောဂါနှင့်ဖျက်ပိုးဒဏ်ခံနိုင်ရန် ပိုတက်ရှ် ဓါတ်မြေသြဇာသုံးပါ။
  • (၁၃) ရောဂါဒဏ်ခံနိုင်ရည်ရှိသော မျိုး ၊ မျိုးစေ့များကို စိုက်ပါ။