banner

contact us

No.258/262, Strand Road

11th floor, Classic Strand

Pabedan Township, PO 11141

Yangon, Myanmar.

Tel : +95 1 371629 , 371630

Fax : +95 1 249824

Email : info@mikkogroup.biz

Seasonal Planting

စိုက်ပျိုးရာသီ

မြန်မာနိုင်ငံအတွင်း ဒေသရေမြေရာသီဥတု နှင့် ကိုက်ညီသော သီးနှံများ စိုက်ပျိုးထုတ်လုပ်လျှက် ရှိပါသည်။ ရာသီဥတုအပေါ်မူတည်၍ မိုးသီးနှံ၊ ဆောင်းသီးနှံ၊ နွေသီးနှံ ဟူ၍ ခွဲခြားနိုင်ပါသည်။ တိုင်းနှင့်ပြည်နယ် အလိုက် မိုးရွာသွန်းမှုအခြေအနေ နှင့် စိုက်ပျိုးလေ့ရှိသည့် သီးနှံပုံစံများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

sesonal-planting

စဉ် ပြည်နယ်နှင့်တိုင်း မိုးရွာသွန်းမှု အများဆုံးစိုက်ပျိုးသည့် သီးနှံပုံစံ
ပုံမှန် ၂၀၀၈ ခုနှစ်
မိုးရွာရက် လက်မ မိုးရွာရက လက်မ
၁။ ရန်ကုန်တိုင်း ၁၂၂ ၁၀၇.၇ ၁၂၈ ၁၂၃.၆၄ မိုးစပါး-မိုးစပါး(ဒု)-နွေစပါး၊မိုးစပါး-နွေစပါး၊ မိုးစပါး-ပဲမျိုးစုံ၊ မိုးစပါး-ဆီထွက်၊ မိုးစပါး
၂။ ပဲခူးတိုင်း(အရှေ့ပိုင်း) ၁၁၇ ၉၉.၀ ၉၄ ၅၅.၈၆ မိုးစပါး-ပဲမျိုးစုံ-နွေစပါး၊ မိုးစပါး-နွေစပါး၊ မိုးစပါး-ပဲမျိုးစုံ၊ မိုးစပါး-ဆီထွက်
၃။ ရှမ်းပြည်နယ်(တောင်ပိုင်း) ၉၆ ၄၈.၈၉ ၉၈ ၅၆.၄၅ မိုးစပါး-ကြက်သွန်ဖြူ-နေကြာ၊ မိုးစပါး-အာလူး-နေကြာ၊မိုးစပါး-ခရမ်းချဉ်-နေကြာ၊ ပြောင်းဖူး-ကြက်သွန်ဖြူ-နေကြာ
၎။ မွန်ပြည်နယ် ၁၃၈ ၁၉၁.၃၈ ၁၅၃ ၂၁၆.၆၆ မိုးစပါး-နွေစပါး၊ မိုးစပါး-ဆီထွက်၊ မိုးစပါး-ပဲမျိုးစုံ
၅။ တနင်္သာရီတိုင်း ၁၃၅ ၁၉၅.၁၈ ၁၄၇ ၂၀၆.၉၁ မိုးစပါး-နွေစပါး
၆။ ပဲခူးတိုင်း(အနောက်ပိုင်း) ၉၆ ၅၆.၄၇ ၁၂၅ ၁၂၀.၉၁ မိုးစပါး-မတ်ပဲ-နွေစပါး၊ မိုးစပါး-နွေစပါး၊ မိုးစပါး-မတ်ပဲ
၇။ မကွေးတိုင်း ၆၄ ၃၆.၇၉ ၅၈ ၃၃.၀ မိုးစပါး-ကုလားပဲ-နွေစပါး၊ မိုးနှမ်း+မိုးစပါး-ကုလားပဲ၊မိုးစပါး-နွေစပါး၊မိုးစပါး-ကုလားပဲ
၈။ ဧရာဝတီတိုင်း ၇၉ ၉၇.၄၇ ၁၁၃ ၉၄.၇၉ မိုးစပါး-မတ်ပဲ-နွေစပါး၊မိုးစပါး-မတ်ပဲ-ဟင်းသီးဟင်းရွက်၊ဂုန်လျှော်-မိုးစပါး-မတ်ပဲ၊ မိုးစပါး-မတ်ပဲ၊ မိုးစပါး-နွေစပါး
၉။ ရခိုင် ၁၀၅ ၁၆၁.၃၁ ၁၂၅ ၁၉၀.၅၄ မိုးစပါး-နွေစပါး၊မိုးစပါး-ဆီထွက်
၁၀။ စစ်ကိုင်းတိုင်း၊ခန္တီး (အထက်) ၈၅ ၆၈.၅၈ ၈၄ ၇၃.၉၃ မိုးစပါး-ပဲမျိုးစုံ-နွေစပါး၊မိုးစပါး-နွေစပါး၊ မိုးစပါး-ပဲမျိုးစုံ၊ မိုးစပါး-ဆီထွက်၊ မိုးစပါး-အခြား
စစ်ကိုင်းတိုင်း၊မုံရွာ(အထက်) ၄၈ ၃၄.၃၈ ၃၇ ၇၄.၄၇
၁၁။ မန္တလေးတိုင်း(မြောက်) ၅၈ ၃၈.၃၁ ၅၀ ၃၂.၅၂ မိုးစပါး-နွေစပါး၊မိုးစပါး-ပဲမျိုးစုံ-နွေစပါး၊ မိုးစပါး-ဆီထွက်၊မိုးစပါး-ပဲမျိုးစုံ (နေကြာညှပ်)၊မိုးဆီထွက်-မိုးစပါး (နေကြာညှပ်)၊မိုးစပါး-အခြား
မန္တလေးတိုင်း(တောင်) ၇၁ ၄၂.၅၈ ၆၆ ၄၀.၉၂
၁၂။ ကချင်ပြည်နယ် ၁၁၈ ၉၃.၀၆ ၁၁၁ ၉၆.၉၂ မိုးစပါး-နွေစပါး၊မိုးစပါး-ဆီထွက်၊
၁၃။ ချင်းပြည်နယ် ၁၀၄ ၇၀.၄၆ ၁၀၀ ၆၅.၁၇ မိုးစပါး

စပါးသီးနှံ

မြန်မာနိုင်ငံတွင် စပါးကို အဓိကသီးနှံအဖြစ် စိုက်ပျိုးပါသည်။

စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်ရေးတွင် နှစ်စဉ် မေလ (၁) ရက် မှ စက်တင်ဘာလကုန်အတွင်း စိုက်ပျိုးသော စပါးကို မိုးစပါးအဖြစ် သတ်မှတ်ပြီး နှစ်စဉ် အောက်တိုဘာလ ( ၁ ) ရက်မှ ဧပြီလကုန်အထိ စိုက်ပျိုးသော စပါးကို နွေစပါးအဖြစ် သတ်မှတ်ပါသည်။ မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုသည် စပါးစုစုပေါင်း ထုတ်လုပ်မှု၏ (၈၄.၂၀)ရာခိုင်နှုန်းခန့်ဖြစ်ပါသည်။ မိုးစပါးစိုက်ပျိုးထုတ်လုပ်ရာ၌ ရေမြေသဘာဝအခြေအနေ များအရ ရေတော်မိုးတော်၊ ရေကြီးကွင်း၊ ရေနက်ကွင်း၊ သဲဆန်ကုန်းကြော၊ တောင်ယာ၊ ပင်လယ်ရေငံဝင် နှင့် အခြား ဟူ၍ စိုက်ပျိုးကြပါသည်။ ထို့အတူ မျိုးအလိုက် အဆင့်မြင့်စပါး၊ အထွက်ကောင်းမျိုးစပါးနှင့် ဒေသမျိုး ဟူ၍ ခွဲခြားနိုင်ပါသည်။ နွေစပါးကို ရေရရှိရေး၊ နည်းလမ်းအလိုက် ဆည်ရေသောက်၊ သဘာဝရေသောက်၊ ချောင်းပိတ်မြောင်းပိတ်၊ မြစ်ရေတင်၊ စက်ရေတွင်း၊ ရေစုပ်စက်ရေတင်၊ ရေထိန်းတံခါး စသည်ဖြင့် စိုက်ပျိုးပါသည်။

မြန်မာနိုင်ငံတွင် ပြည်နယ်နှင့်တိုင်း (၁၇)ခု ၌ မိုးစပါးစိုက်ဧက (၉.၁၇)သန်းကျော်နှင့် နွေစပါးစိုက်ဧက (၃)သန်းကျော် စုစုပေါင်းစိုက်ဧက သန်း (၂၀)ကျော် စိုက်ပျိုးပါသည်။ စပါးစိုက်ဧကများအလိုက် ဓါတ်မြေသြဇာ တုံ့ပြန်ပြီး အသုံးပြုရန်လိုအပ်သည့် မိုးစပါး (အထွက်ကောင်းမျိုး) နှင့် နွေစပါးစိုက်ဧကများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ စိုက်စနစ်အနေဖြင့် ပျိုးထောင်ရွှေ့ပြောင်းစိုက်ပျိုးခြင်း၊ ကြဲပက်စိုက်ပျိုးခြင်းနှင့် တိုက်ရိုက်အစေ့ချ စိုက်ပျိုးခြင်းဟူ၍ ရှိပါသည်။

စဉ် ပြည်နယ်/တိုင်း နွေစပါး မှတ်ချက်
စိုက်ဧက စိုက်ဧက
၁။ ရန်ကုန်တိုင်း ၇၀၄၁၇၅ ၁၉၀၆၅၅ စပါးတစ်ဧကလျှင် ကွန်ပေါင်းဓာတ်မြေသြဇာ (၁) အိတ်နှုန်းဖြင့် ခန့်မှန်းနိုင်ပါသည်။

  • မိုးစပါး၌ အဆင့်မြင့်စပါးအဖြစ် ရေဆင်း
    လုံးသွယ်၊ အင်းမရဲဘော်၊ ဧရာမင်းဆင်း
    ဧကရီ-၃၊ မှော်ဘီ-၂၊လုံးသွယ်မွှေး၊
    နံ့သာမွှေး၊ ပေါ်ဆန်းမွှေး၊ ဥဿမွှေးမျိုး
    များ အသုံးများပါသည်။
  • အထွက်ကောင်းစပါးအဖြစ် သုခရင်၊
    ရွှေမြန်မာ၊ဆင်းသွယ်လတ်၊ ဆင်းနွယ်ရင်၊
    ရွှေဘို-၁၊ရွှေရင်အေး၊ရတနာတိုး၊
    မှော်ဘီ-၃၊ မနောသုခ၊ကျော်ဇေယျ၊
    မနော်ဟရီ၊ ရွှေသွယ်ရင်၊မှော်ဘီ-၁၊
    မှော်ဘီဆန်း၊ရတနာအောင်၊သီးထပ်ရင်၊
    ဆင်းသိင်္ဂီ၊ရွှေဝါထွန်း၊ရာကျော်-၂၊
    ဆင်းသုခ၊ရေနက်-၅၊ဆားငံ-၄၊မျိုးများမှာ
    စိုက်ပျိုးမှုများပါသည်။
၂။ ပဲခူး(အရှေ့)တိုင်း ၁၃၂၆၀၆၄ ၁၉၀၈၂၂
၃။ ရှမ်း(တောင်ပိုင်း) ၅၇၁၂၅၀ ၂၇၆၉၆
၎။ မွန်ပြည်နယ် ၅၃၄၀၁၁ ၁၃၅၂၅၉
၅။ တနင်္သာရီ ၂၀၅၅၁၇ ၁၆၄၁၉
၆။ ပဲခူး(အနောက်)ပိုင်း ၉၅၁၂၉၂ ၂၄၀၂၆၂
၇။ မကွေးတိုင်း ၈၂၁၂၈၅ ၁၅၂၀၂၃
၈။ ဧရာဝတီတိုင်း ၁၉၄၀၇၉၅ ၁၂၇၇၈၆၀
၉။ ရခိုင်ပြည်နယ် ၉၆၅၄၈၆ ၂၁၁၈၄
၁၀။ စစ်ကိုင်းတိုင်း ၁၂၉၁၃၇၂ ၄၅၀၅၂၇
၁၁။ မန္တလေးတိုင်း ၇၇၄၅၄၀ ၂၂၁၀၄၂
၁၂။ ကချင်ပြည်နယ် ၅၈၃၆၉ ၂၉၄၂၃
၁၃။ ချင်းပြည်နယ် ၁၈၂၂၃ ၂၉၁
စုစုပေါင်း ၁၀၁၆၂၃၇၉ ၂၉၅၂၄၆၃
၅၀၈၁၁၉ တန် ၁၄၇၆၂၃ တန်

အခြားသီးနှံစိုက်ဧရိယာများ

မြန်မာနိုင်ငံအတွင်း၌ စပါးသီးနှံကို အဓိကစိုက်ပျိုးပြီး ဆီထွက်သီးနှံ၊ ပဲမျိုးစုံသီးနှံ၊ ဟင်းသီးဟင်းရွက်၊ စားဖိုဆောင်သီးနှံ၊ အစေ့ထုတ်ပြောင်းများ စိုက်ပျိုးပါသည်။ ပြည်နယ်/တိုင်း အလိုက် စိုက်ဧကများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ဒေသရာသီဥတုအခြေအနေနှင့် သီးနှံဈေးနှုန်းအခြေအနေပေါ် မူတည်၍ စိုက်ဧကများ အပြောင်းအလဲ ရှိနိုင်ပါသည်။


ဆီထွက်သီးနှံနှင့်ပဲမျိုးစုံသီးနှံစိုက်ဧရိယာ

sesonal-planting1

စဉ် ပြည်နယ်/တိုင်း ဆီထွက်သီးနှံ စုစုပေါင်း
မြေပဲ နှမ်း နွေနှမ်း နေကြာ ပဲတီစိမ်း မတ်ပဲ ပဲစင်းငုံ ကုလားပဲ ပဲနက်
မိုးသီးနှံ
၁။ ရန်ကုန် ၉၄ ၉၉
၂။ ပဲခူး(အရှေ့) ၁၀၀၀၃ ၁၄၀၈၄ ၁၇ ၅၆၂၅ ၂၈၄ ၃၀၀၁၃
၃။ ရှမ်း(တောင်) ၅၆၅၀၅ ၂၃၀၀၈ ၁၈၃၉၀ ၂၀၇ ၅၀၄၅၁ ၆၃၉၀၈ ၂၁၂၄၆၉
၎။ မွန် ၄၇၄၂ ၂၈၅၀ ၂၂၃ ၇၈၁၅
၅။ တနင်္သာရီ ၈၆ ၁၁၁၁ ၁၁၀ ၁၃၀၇
၆။ ပဲခူး(အနောက်) ၃၇၁၁၉ ၁၁၃၁၈၉ ၃၇၂၇ ၁၆၄၂၆ ၆၀၀၈ ၂၆၁၄၃၂၇
၇။ မကွေး ၂၅၁၅၉၂ ၁၂၁၀၀၁၀ ၁၄၀၆၆၂ ၅၈၅၃၈၅ ၄၂၀၆၇၀ ၆၀၀၈ ၂၆၁၄၃၂၇
၈။ ဧရာဝတီ ၁၈၄၉၃ ၂၉၄၀ ၄၄၉၈ ၅၆ ၄၈၇၇ ၃၀၈၆၄
၉။ ရခိုင် ၂၄၇၆ ၃၂၆၄ ၅၇၄၀
၁၀။ စစ်ကိုင်း ၂၂၀၆၉၅ ၄၅၂၉၇၉ ၇၂၁၄၀ ၄၁၉၅၀၂ ၇၁၂၇ ၅၂၃၈၂၅ ၃၅၉၃ ၁၆၉၉၈၆၁
၁၁။ မန္တလေး ၂၂၂၀၀၁ ၁၀၀၇၆၁၅ ၆၄၁၆၄ ၂၆၅၇၉၇ ၄၅၉၈၃၂ ၆၀၃ ၂၀၂၀၀၁၂
၁၂။ ကချင် ၆၆၆၄ ၅၆၆၅ ၆၀၃ ၁၀၀၀ ၃၆၅၀ ၁၇၅၈၂
၁၃။ ချင်း ၁၅၆၈ ၇၄၄၇ ၄၁၄၀ ၅၄၅၄ ၃၃၀၃ ၂၁၉၁၂
၈၃၂၀၃၈ ၂၈၄၀၈၉၈ ၃၀၄၀၁၁ ၁၂၈၀၉၀၂ ၇၁၂၇ ၁၄၈၆၄၂၁ ၈၃၃၈၇ ၆၈၃၄၇၈၄
ဆောင်းသီးနှံ
၁။ ရန်ကုန် ၁၁၅၁၈ ၄၈၅၁ ၁၈၉၉ ၂၄၅၂၅ ၃၅၀၉၉၂ ၄၆၂၆၉ ၄၄၀၀၅၄
၂။ ပဲခူး(အရှေ့) ၇၀၇၈၈ ၂၈၂၀၃ ၁၁၉၇၅ ၁၅၄၈၃၉ ၃၅၃၇၉၀ ၄၉၉၅၈၄ ၆၆၈ ၁၀၀၄ ၁၁၂၀၈၅၁
၃။ ရှမ်း(တောင်) ၆၉၆၆ ၂၀၄၆ ၉၈၆၄ ၇၅၁ ၇၉ ၁၇၄၁ ၁၁၃၇၃ ၃၂၈၂၀
၎။ မွန် ၂၆၂၁၅ ၁၄၁၄၀ ၁၁၆၆ ၂၃၃၁၆ ၂၇၄၀၂ ၁၁၆၈၇ ၄၀၅၂ ၁၀၇၉၇၈
၅။ တနင်္သာရီ ၄၄ ၅၀၅ ၈၀ ၅၄ ၂၄၆ ၉၂၉
၆။ ပဲခူး(အနောက်) ၅၅၄၅၄ ၂၆၅၂၂ ၁၅၈၀ ၁၆၁၀၇၁ ၁၈၆၆၁ ၄၉၄၇၀၂ ၂၀၉၁၀ ၃၅၀၃၆ ၈၁၃၉၃၆
၇။ မကွေး ၁၃၂၁၇၁ ၁၁၈၀၆၂ ၂၆၄၂၅ ၃၆၁၈၂၂ ၆၃၇၀၆ ၂၅၇၇၂ ၁၇၂၅၆၅ ၆၆၅၁ ၉၀၇၁၇၄
၈။ ဧရာဝတီ ၁၁၁၇၉၈ ၂၈၆၇၀ ၃၈၂၄ ၄၃၅၀၈၆ ၂၉၂၆၇၃ ၁၁၀၂၀၇၂ ၄၈၁၉ ၄၂၇၂၃ ၂၀၂၁၆၆၅
၉။ ၉၅၂၈၀ ၁၀၀၇ ၁၄ ၁၄၁၇၂ ၅၅၅၉ ၅၈၆၂၉ ၁၈ ၁၇၄၆၇၉
၁၀။ စစ်ကိုင်း ၄၁၆၇၆၀ ၄၀၂၂၁၉ ၄၆၇၄၀ ၃၆၁၀၁၀ ၈၆၂၉၅ ၁၃၈၃၀၁ ၃၆၀၅၀၀ ၃၀၁၈၄ ၉၅၀၇၅၄
၁၁။ မန္တလေး ၁၄၃၃၃၈ ၁၂၇၈၅၇ ၉၃၇၉၀ ၂၉၀၃၇၇ ၃၁၆၇၈ ၅၅၉၇၆ ၁၇၆၀၂၀ ၃၁၇၁၈ ၉၅၀၇၅၄
၁၂။ ကချင် ၅၈၈၀၂ ၁၉၀၂၀ ၁၄၁၀၃ ၁၈၄၉ ၂၀၃ ၁၂၄၇၁ ၁၀၆၄၄၈
၁၃။ ချင်း ၂၂၉၄ ၂၂ ၂၅၉၉ ၅၃၅ ၅၂ ၅၅၀၂
စုစုပေါင်း ၁၁၃၁၄၂၈ ၇၇၃၁၂၄ ၁၈၇၄၂၃ ၁၈၅၂၈၆၄ ၁၂၃၃၉၄၅ ၂၄၃၃၅၇၂ ၇၃၇၂၄၁ ၁၇၅၂၁၂ ၈၅၂၄၇၉၉
ပြည်ထောင်စု
ချုပ်
၁၉၆၃၄၆၆ ၃၆၁၄၀၂၂ ၁၈၇၄၁၃ ၂၁၅၆၈၇၅ ၂၅၁၄၈၄၇ ၂၄၄၀၆၉၉ ၁၄၈၆၄၂၁ ၇၃၇၂၄၁ ၂၅၈၅၉၉ ၁၅၃၅၉၅၈၃

စားဖိုဆောင်သီးနှံစိုက်ဧက နှင့် အစေ့ထုတ်ပြောင်း စိုက်ဧက

sesonal-planting2

စဉ် မိုးသီးနှံ ငရုတ်ခြောက် ကြက်သွန်နီ ကြက်သွန်ဖြူ အာလူး အစေ့ထုတ်ပြောင်း စုစုပေါင်း
၁။ ရန်ကုန် ၅၁ ၅၁
၂။ ပဲခူး(အရှေ့) ၁၇၅၉ ၁၇၅၉
၃။ ရှမ်း(တောင်) ၄၂၁၀ ၃၁၅ ၃၃၈၀၀ ၁၄၈၉၈၁ ၁၈၇၃၀၆
၎။ မွန်
၅။ တနင်္သာရီ
၆။ ပဲခူး(အနောက်)
၇။ မကွေး ၉၁၉၆ ၅၁ ၅၁
၈။ ဧရာဝတီ ၂၉၂ ၂၉၂
၉။ ရခိုင်
၁၀။ စစ်ကိုင်း ၄၈၁ ၂၀၈၉ ၄၇၄ ၁၇၅၇၀၇ ၁၇၈၇၅၁
၁၁။ မန္တလေး ၁၃၄၃၁၀ ၄၇၉၉ ၇၈၀ ၂၅၈၈၄ ၁၆၅၇၇၃
၁၂။ ကချင် ၂၃၀ ၁၉၅၉၅ ၁၉၈၂၅
၁၃။ ချင်း ၃၀၂၅ ၅၀ ၄၁၄၈ ၉၀၄၆၆ ၉၇၆၈၉
စုစုပေါင်း ၁၅၁၂၂၂ ၇၂၅၃ ၃၉၄၃၂ ၅၃၀၅၀၃ ၇၂၈၄၁၀
စဉ် ဆောင်းသီးနှံ ငရုတ်ခြောက် ကြက်သွန်နီ ကြက်သွန်ဖြူ အာလူး အစေ့ထုတ်ပြောင်း စုစုပေါင်း
၁။ ရန်ကုန် ၁၆၆၉ ၂၃၁ ၁၉၀၀
၂။ ပဲခူး(အရှေ့) ၂၀၄၈ ၃၆၀ ၂၀ ၇၀ ၂၄၉၈
၃။ ရှမ်း(တောင်) ၈၁၁ ၄၃၂၆ ၂၃၅၆၇ ၈၃၈၉ ၁၆၂ ၃၇၂၅၅
၎။ မွန် ၂၉၀၆ ၁၃၀ ၃၀၃၆
၅။ တနင်္သာရီ ၂၂၀ ၂၂၁
၆။ ပဲခူး(အနောက်) ၄၂၂၄ ၂၁၁၀ ၆၅ ၅၃၂ ၈၇ ၇၀၁၈
၇။ မကွေး ၁၆၂၅၀ ၄၆၄၇၂ ၃၆၉၈ ၄၅၈၄ ၂၁၆၇၆ ၉၂၆၈၀
၈။ ဧရာဝတီ ၈၇၂၄၆ ၂၆၁၅ ၂၅ ၁၄၀၁၆ ၁၀၃၉၀၂
၉။ ရခိုင် ၃၅၀၉၁ ၃၄၆၄ ၁၂၆၉ ၉၃၈၆ ၁၁၀ ၄၉၃၂၀
၁၀။ စစ်ကိုင်း ၃၆၇၃ ၂၉၂၅၈ ၉၂၇၆ ၆၈၈၄ ၂၀၀၉၉ ၆၉၁၉၀
၁၁။ မန္တလေး ၆၇၃၆ ၆၀၃၅၇ ၂၃၂၂ ၂၈၇၆ ၂၀၃၁၂ ၉၂၆၀၃
၁၂။ ကချင် ၁၅၉၄ ၃၂၄၅ ၇၀၃၂ ၆၈၉၅ ၁၈၇၆၆
၁၃။ ချင်း ၁၆၂၂ ၁၅၆၇ ၃၈၃ ၃၅၇၂
စုစုပေါင်း ၁၆၀၆၅၄ ၁၅၂၃၀၉ ၄၅၀၀၉ ၄၀၁၁၁ ၈၃၈၇၈ ၄၈၁၉၆၁
ပြည်ထောင်စုချုပ် ၃၁၁၇၈၆ ၁၅၉၅၆၂ ၄၅၀၀၉ ၇၉၅၄၃ ၆၁၄၃၈၁ ၁၂၁၀၃၇၁

မြန်မာနိုင်ငံတွင် ရေမြေရာသီဥတု အခြေအနေမျိုးစုံရှိသဖြင့် သီးနှံမျိုးကြီးပေါင်း (၆၀)ကျော် စိုက်ပျိုးဖြစ်ထွန်းပါသည်။ ထိုသီးနှံများထဲတွင် နှံစားသီးနှံ (Cereals) ၆ မျိုး ၊ ဆီထွက်သီးနှံ (Oil Crops) ၈ မျိုး၊ လျှော်မျှင်နှင့်စက်မှုကုန်ကြမ်းသီးနှံ (Fibre and Industrial) ၅ မျိုး၊ ပဲမျိုးစုံ (Peas and Beans) ၂၃ မျိုး၊ ဟင်းခတ်အမွှေးအကြိုင် (Spices) ၉ မျိုး၊ ဆေးဘက်ဝင်အပင် (Medicinal Plants) ၇ မျိုး၊ ဥယျာဉ်ခြံသီးနှံပင် (Orchard) ၂၅ မျိုး၊ ဟင်းသီးဟင်းရွက် (Vegetables) ၂၄ မျိုး၊ မူးယစ် နှင့် ဆိုးဆေးပင် (Drug and Dyes) ၄ မျိုး နှင့် အခြား (Others) ၁၅ မျိုး စုစုပေါင်း (၁၂၆) မျိုး ခန့်ပါဝင်ပါသည်။

နှံစားသီးနှံအုပ်စုတွင် စပါးသီးနှံသည် အဓိကစိုက်ပျိုးထုတ်လုပ်သည့် သီးနှံဖြစ်ပါသည်။ အစေ့ထုတ်ပြောင်းသီးနှံမှာ ပြည်တွင်းမွေးမြူရေးလုပ်ငန်းတွင် အထောက်အကူပြုသော သီးနှံဖြစ်သကဲ့သို့ ပြည်ပသို့တင်ပို့ရောင်းချသည့် သီးနှံလည်း ဖြစ်ပါသည်။ အထွက်ကောင်းစပါးမျိုး နှင့် မိုးကောင်းသော လယ်များ၌ မိုးစပါးကို ဇွန်၊ ဇူလိုင်လများတွင် စိုက်ပျိုးပြီး စက်တင်ဘာလ၊ အောက်တိုဘာလများတွင် ရိတ်သိမ်း၍ ဒေသမျိုးများကို ဇွန်၊ ဇူလိုင်လများတွင် စိုက်ပျိုးပြီး နိုဝင်ဘာလမှ ဇန်န၀ါရီလအတွင်း ရိတ်သိမ်းပါသည်။ နှံစားသီးနှံအုပ်စုတွင် စပါးအဖြစ် ဂျုံ၊ ပြောင်း၊ နှံစားပြောင်း၊ လူး၊ ဆတ် စသည်တို့ကို လည်း စိုက်ပျိုးပါသည်။

ပဲမျိုးစုံသီးနှံ (၂၃)မျိုးအနက် နိုင်ငံခြားပို့ကုန်အတွက် အရေးပါသော ပဲမျိုးများမှာ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲပုတ်၊ ပဲလွန်း၊ မြေထောက်ပဲ နှင့် ကုလားပဲတို့ ဖြစ်ပါသည်။ ၎င်းတို့အပြင် ပဲကြီး၊ ထောပတ်ပဲ၊ စွန်တာနီ/ပြာ၊ ပဲနောက်၊ စားတော်ပဲ၊ ဘိုကိတ်ပဲ၊ ပဲရင်း၊ ပဲကြား၊ ပဲရာဇာ၊ ပဲနီလေး၊ ပဲဖြူလေးတို့ကိုလည်း စိုက်ပျိုးကြပါသည်။

ဆီထွက်သီးနှံများတွင် မြေပဲ၊ နှမ်း၊ နေကြာ တို့ကို အဓိကစိုက်ပျိုးပြီး ဆူးပန်း၊ ပန်းနှမ်း၊ ဆီစားမုန်ညှင်းတို့ကိုလည်း စိုက်ပျိုးကြပါသည်။

စက်မှုကုန်ကြမ်းသီးနှံအဖြစ် ကြံ၊ ၀ါ၊ ဂုန်လျှော်၊ ချဉ်ပေါင်လျှော် တို့ကို စိုက်ပျိုးပါသည်။ ဟင်းသီးဟင်းရွက် နှင့် စားဖိုဆောင်သီးနှံများအပြင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်၊ အာလူးသီးနှံများ၊ ခရမ်းချဉ်၊ ပန်းမုံလာ၊ ဂေါ်ဖီထုပ်၊ မုံညင်း၊ မုံလာ၊ သခွား၊ ပဲတောင့်ရှည် စသည့် ဟင်းသီးဟင်းရွက်များ၊ စပျစ်၊ ဖရဲ၊ သခွားမွှေး စသည့် သစ်သီးများ စိုက်ပျိုးထုတ်လုပ် ပါသည်။

Golden Key Co., Ltd. နယ်ဝန်ထမ်းများအနေဖြင့် မိမိတာဝန်ယူကြီးကြပ်ရသည့် ဒေသအတွင်းရှိ သီးနှံစိုက်ဧက များကို မြို့နယ်အလိုက်၊ ကျေးရွာအုပ်စုအလိုက် သိရှိထားရန် လိုအပ်ပြီး သီးနှံများ၏ စိုက်ပျိုးမှုနည်းလမ်း၊ တောင်သူများ၏ သဘာဝအရ ဓါတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ရောဂါသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ရွက်ဖျန်းမြေသြဇာ သုံးစွဲမှုများကို လေ့လာရန် နှင့် ယခင်နှစ် ရောင်းချရမှုအခြေအနေ၊ အခြားကုမ္ပဏီများ၏ ရောင်းချရမှု အခြေအနေများကို ခန့်မှန်းပြီး ဈေးကွက်နှင့်အရောင်းတို့ကို လျာထားသတ်မှတ်နိုင်မည် ဖြစ်ပါသည်။