Herbicides

ပေါင်းသတ်ဆေးများ

ရွှေဆန်းအပ် Glyphosate 48%SL ( ရွေးချယ်မဲ့ ပင်လုံးပျံ့ပေါင်းသတ်ဆေး )

gkff-herbicide1

အာနိသင်

  • ရွေးချယ်မဲ့ အာနိသင်ရှိသဖြင့် အစိမ်းရောင်ရှိ အပင်အားလုံးကို သေစေသည်။
  • ပင်လုံးပျံ့ အာနိသင်ရှိသဖြင့် ဆေးကို အစိမ်းရောင် အရွက်များက စုပ်ယူပြီး အပင်၏ အင်္ဂါ အစိတ်အပိုင်းအနှံ့ ပို့ဆောင် ရောက်ရှိစေသည်။
  • ရာသီပေါင်းများ ၊ နှစ်ရှည်ပေါင်းများ ၊ မြေအောက်ပင်စည် ၊ ဥ အစရှိသည်တို့မှ မျိုးပွားသော ပေါင်းပင်များကိုပါ ရှင်းလင်း သုတ်သင်နိုင်သည်။
  • ဥယျာဉ်ခြံများနှင့် နှစ်ရှည်စိုက်ခင်းများတွင် အပင်အောက်ခြေတန်းကြား ပေါင်းရှင်းရာ၌ ( သီးနှံပင်အား မထိအောင် အပင်ခြေကိုကာကွယ်ပြီး ) ဆောင်ရွက်နိုင်သည်။
  • ရာသီသီးနှံများ မစိုက်မီ ပေါင်းကြမ်းရှင်းခြင်း လုပ်ငန်း ဆောင်ရွက်နိုင်သည်။
  • ဖုန်းဆိုးတောများ ၊ လမ်း ၊ အဆောက်အဦး ၀န်းကျင်များတွင် ပေါင်းကြမ်း အပြောင်ရှင်းခြင်း လုပ်ငန်း ဆောင်ရွက်နိုင်သည်။

အသုံးပြုပုံ

ဆေးဖျန်းပုံးတစ်ပုံး ( ရေ ၄ ဂါလန် ) ရောစပ်သုံးစွဲရမည့်ဆေးနှုန်းထား

  • ( ၂၀၀ – ၃၀၀ စီစီ )
  • ( ၁ – ဧက ) လျှင် ဆေးရည် ၁ – ၂ လီတာ ( ရေ ၄ ဂါလန်ဆံ့ ဆေးဖျန်းပုံး ၅ – ၈ ပုံး ) သုံးပါ။

မှတ်ချက်

  • ဆေးမဖျန်းမီနှင့် ဆေးဖျန်းပြီး (၇)ရက်အတွင်း မြေလှန်ခြင်း ၊ ထယ်ရေးပြင်ခြင်း မလုပ်ရပါ။
  • ရွှံ့နွံ အနည်အနှစ်များပါသော ရေနောက်များနှင့် မဖျန်းရပါ။ ထိရောက်မှုအာနိသင် လျော့စေပါ သည်။
  • ပေါင်းသတ်ဆေး ဖျန်းပြီးသော ဆေးဖျန်းပုံးကို သန့်ရှင်းအောင် သေချာစွာ ဆေးကြောပြီးမှ သုံးပါ။ ( ပေါင်းသတ်ဆေး မပြောင်စင်ဘဲ အခြားဆေးများ ထည့်ဖျန်းလျင် သီးနှံပင်များကို ထိခိုက်နိုင် ပါသည်။ )
  • ဆေးဖျန်းပြီး ၆ – နာရီအတွင်း မိုးရွာပါက ဆေးအာနိသင် လျော့နည်းစေနိုင်သည်။ ထပ်မံဖျန်းရန် လိုအပ်သည်။
  • မိုးအုံ့နေသော အချိန်တွင် မဖျန်းရ။ အရိပ်အောက် အပင်များ အာနိသင်မပြချေ။

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • 500 CC, 1000 CC , 5000 CC

ရွှေပေါင်းသတ်ဆေး ( ၁ )

Bensulfuron – methyl 6% + Acetochlor 16% WP ( ရွေးချယ်ပေါင်းသတ်ဆေး )

gkff-herbicide2

အာနိသင်

  • အလေ့ကျပေါက်သော ပေါင်း ၊ မြက်အမျိုးမျိုးနှင့် ရွက်ပြန့်ပေါင်းများကို နှိမ်နင်းနိုင်သည်။
  • ရွေးချယ် ပေါင်းသတ်ဆေးဖြစ်သည်။
  • ပြောင်းရွှေ့စိုက်သော စပါးခင်း ( ပျိုးသက် ၃၀ ရက်အထက်နှင့် အရွက် ၆ ရွက်အထက် ) တွင်သာ သုံးရန်ဖြစ်သည်။

အသုံးပြုပုံ

  • တစ်ဧကလျှင် – ၂၀၀ – ၂၅၀ ဂရမ်နှုန်း

သတိပြုရန်

  • ဆေးမသုံးမီ လယ်ထဲ၌ ရေကုန်စင်အောင် ထုတ်ထားရပါမည်။ ဆေးဖျန်းပြီး ( ၅ – ၇ ) ရက် အထိ လယ်ထဲ၌ ရေ ( ၁.၅ – ၂ ) လက်မရှိရပါမည်။
  • စောစိုက်စပါးတွင် စိုက်ပြီး ( ၇ – ၁၀ ) ရက် ၊ နောက်စိုက်စပါးတွင် စိုက်ပြီး ( ၅ – ၈ ) ရက် အတွင်း ပက်ဖျန်းရန်ဖြစ်သည်။
  • ပျိုးသက်နုနယ်သော စိုက်ခင်းများ ( ပျိုးသက် ၃၀-ရက်မတိုင်မီ ) တွင် မသုံးသင့်ပါ။
  • လယ်ထဲတွင် ရေယိုခြင်း ၊ ရေပြတ်ခြင်း ၊ ရေမြှုပ်ခြင်းများ မဖြစ်စေရပါ။

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • 200 gm

ရွှေပေါင်းသတ်ဆေး ( ၂ )

Bensulfuron – methyl 4% + Quinclorac 28% WP ( ပင်လုံးပျံ့ရွေးချယ်ပေါင်းသတ်ဆေး )

gkff-herbicide3

အာနိသင်

  • အလေ့ကျပေါက်သော တစ်နှစ်ခံနှင့် နှစ်ရည်ခံ မြက်အမျိုးမျိုး ၊ ရွက်ပြန့်ပေါင်းပင်များကို နှိမ်နင်း နိုင်သည့် ရွေးချယ် ပေါင်းသတ်ဆေးဖြစ်သည်။
  • တိုက်ရိုက် ( သို့မဟုတ် ) ပြောင်းရွှေ့စိုက် စပါးခင်းများအတွက်ဖြစ်ပြီး ဆေးကို အခြားသီးနှံပင် များနှင့် မထိစေရပါ။

အသုံးပြုပုံ

  • တစ်ဧကအတွက် ၂၀၀-၃၀၀ ဂရမ်နှုန်း ပက်ဖျန်းပါ။
  • တိုက်ရိုက်စိုက်ခင်းတွင် မျိုးစေ့ချပြီး ၅-ရက်
  • ရွှေ့ပြောင်း စိုက်ခင်းတွင် ကောက်စိုက်ပြီး (၇-၁၀)ရက်အကြာတွင် ဆေးဖျန်းပါ။

သတိပြုရန်

  • သမန်းမျက်နှာပြင် ညီညာရမည်။
  • ဆေးမဖျန်းမီ လယ်ထဲတွင် ရေအမြင့် ၁.၅ – ၂ လက်မရှိရမည်။
  • ဆေးဖျန်းပြီး ( ၂ – ၃ ) ရက်အကြာတွင် ရေပြန်သွင်းပါ။

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • 200 gm

ရွှေပေါင်းသတ်ဆေး ( ၃ )

Bensulfuron – methyl 2% + Pretilachlor 18% WP ( ရွေးချယ်ပေါင်းသတ်ဆေး )

gkff-herbicide4

အာနိသင်

  • အလေ့ကျပေါက်သော တစ်နှစ်ခံနှင့် နှစ်ရည်ခံ မြက်အမျိုးမျိုး ၊ မြက်မုံညင်းများနှင့် ရွက်ပြန့် ပေါင်းပင်များကို နှိမ်နင်းနိုင်သည့် ရွေးချယ် ပေါင်းသတ်ဆေးဖြစ်သည်။
  • တိုက်ရိုက် ( သို့မဟုတ် ) ပြောင်းရွှေ့ စိုက်စပါးခင်းများအတွက် ဖြစ်ပြီး ဆေးကို အခြားသီးနှံပင် များနှင့် မထိစေရပါ။

အသုံးပြုပုံ

  • တစ်ဧကလျှင် ( ၄၀၀ – ၆၀၀ ) ဂရမ်နှုန်း သုံးပါ။
  • တိုက်ရိုက်စိုက်ခင်းတွင် မျိုးစေ့ချပြီး ၅-ရက်
  • ရွှေ့ပြောင်း စိုက်ခင်းတွင် ကောက်စိုက်ပြီး (၇-၁၀)ရက်အကြာတွင် ဆေးဖျန်းပါ။

သတိပြုရန်

  • ပေါင်းသတ်ဆေး ဖျန်းမည့်လယ်သည် မျက်နှာပြင် ညီညာရမည်။
  • ဆေးမဖျန်းမီ လယ်ထဲမှရေကို ထုတ်ထားရမည်။
  • ဆေးဖျန်းပြီး ၂-ရက်အကြာတွင် ရေစပ်စပ် ပြန်သွင်းပါ။ ပြီးပါက ရေကို ၇-ရက်ခန့် ထိန်းထားပါ။ အခြားလယ်ထဲသို့ စိမ့်ခြင်း၊ စီးဝင်ခြင်း မရှိစေရ။
  • တိုက်ရိုက်အစေ့ချ စပါးခင်းတွင် စပါးကြဲပြီး ၁၀-၂၀ ရက်အတွင်း ပေါင်းသတ်ဆေး အသုံး ပြုခြင်းသည် စပါးပင်အပေါ် ဘေးထွက်ဆိုးကျိုး ကင်းရှင်းစေခြင်း နှင့် ဆေးအာနိသင် မြင့်မား စေသည်။
  • ရေ(၄)ဂါလန်တွင် ၈၀-၁၀၀ ဂရမ်နှုန်းဖြင့် ရောစပ်ပက်ဖျန်းပါ။

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • 200 gm

ရွှေပေါင်းသတ်ဆေး ( ၄ )

Bensulfuron – methyl 1.1% + Metsulfuron – methyl 0.2% + Acetochlor 16.7% WP ( ရွေးချယ်ပေါင်းသတ်ဆေး )

gkff-herbicide5

အာနိသင်

  • အလေ့ကျပေါက်သော ပေါင်း ၊ မြက်ပင်အမျိုးမျိုးကို နှိမ်နှင်းနိုင်သည်။
  • ရွှေ့ပြောင်းစိုက်သော စပါးခင်းတွင်သာ သုံးသင့်သည်။
  • ရွှေ့ပြောင်းစိုက်ပြီး ( ၇ – ၁၀ ) ရက် စပါးပင်အမြစ်တွယ်ချိန် ( ကောက်ပင်လှန်ချိန် ) တွင် ပက်ဖျန်းရန်ဖြစ်သည်။

အသုံးပြုပုံ

  • တစ်ဧက ၂၀၀ – ၂၅၀ ဂရမ်နှုန်းသုံးပါ။

သတိပြုရန်

  • ဆေးမသုံးမီ လယ်ထဲ၌ ရေ ( ၁.၅ – ၂.၀ ) လက်မခန့်ရှိရမည်။
  • ဆေးဖျန်းပြီး ( ၅ – ၇ ) ရက်ခန့်အထိ ရေသွင်းထားပြီး ဆေးဖျန်းထားသောလယ်မှ ရေများ အခြားသို့ မစီးဆင်းစေရပါ။
  • ပျိုးသက်နုနယ်သော စိုက်ခင်းများ ( ပျိုးသက် ၃၀ – ရက်မတိုင်မီ ) တွင် အသုံးမပြုသင့်ပါ။
  • လယ်တွင် ရေပြတ်ခြင်း ၊ ရေမြှုပ်ခြင်းများ မဖြစ်စေရန် သတိပြုပါ။

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • 200 gm

မားဖစ် MARFIT 30 EC ( စပါးပေါင်းသတ်ဆေးရည် )

gkff-herbicide6

အာနိသင်

  • ရွေးချယ် အာနိသင်ရှိသော ပေါင်းသတ်ဆေးရည် ဖြစ်သည်။
  • တစ်နှစ်ခံ မြက်မျိုးများနှင့် ရွက်ပြန့်ပေါင်းများကို နှိမ်နင်းနိုင်သည်။
  • ပေါင်းပင်များ၏ ဆဲလ်ကွဲပွားမှုကို ဟန့်တားနိုင်သည်။
  • တိုက်ရိုက်အစေ့ချ စပါးခင်းများတွင် ပေါက်ရောက်သည့် ရွက်ပြန့်ပေါင်းများ၊ မြက်အမျိုးမျိုးကို နှိမ်နင်းပြီး ပေါင်းပင်ရွက်စုံချိန်တွင် ပက်ဖျန်းသင့်ပါသည်။
  • အညွှန်းအတိုင်း စနစ်တကျအသုံးပြုရန် သတိပြုပါ။

အသုံးပြုပုံ

  • ဆေးဖျန်းပုံး တစ်ပုံး (ရေ ၄ ဂါလန်)
  • ရောစပ်ရမည့်နှုန်းထား ၈၀-၁၂၀ စီစီ (ဟင်းစားစတီးဇွန်း ၈-၁၂ ဇွန်း)

သတိပြုရန်

  • သမန်းမျက်နှာပြင်ညီညာရမည်။
  • ဆေးမဖျန်းမီ လယ်ထဲတွင် ရေကုန်စင်အောင် ထုတ်ထားရပါမည်။ ဆေးဖျန်းပြီး ရေအမြင့် ၁.၅-၂ လက်မ ရှိရမည်။
  • ဆေးဖျန်းပြီး (၂-၃) ရက်အကြာတွင် ရေပြန်သွင်းပါ။

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • 500 CC , 1000 CC

ရွှေတူးဖိုး MAC 2-4 60% SL ( ရွေးချယ်ပေါင်းသတ်ဆေးရည် )

gkff-herbicide7

အာနိသင်

  • ပင်လုံးပျံ့ အာနိသင်ရှိသော ရွေးချယ် ပေါင်းသတ်ဆေးရည် ဖြစ်သည်။
  • တစ်နှစ်ခံ နှင့် နှစ်ရှည် ရွက်ပြန့်ပေါင်းများ၊ မြက်မုံညှင်းများကို နှိမ်နင်းနိုင်သည်။
  • ပေါင်းပင်များ ထွက်ရှိပြီးသည့် အချိန်တွင် အသုံးပြုနိုင်သည်။
  • နှံစားသီးနှံများ၊ ပဲပုပ်၊ မြေပဲ၊ ကြံ၊ ရော်ဘာ၊ ဆီအုန်းစိုက်ခင်းများတွင် သုံးနိုင်သည်။
  • အညွှန်းအတိုင်း စနစ်တကျ အသုံးပြုရန် သတိပြုပါ။

အသုံးပြုပုံ

  • ဆေးဖျန်းပုံးတစ်ပုံး (ရေ ၄ဂါလန်) ရောစပ်ရမည့်နှုန်းထား
  • ၆၀-၂၀၀ စီစီ (ဟင်းစားစတီးဇွန်း ၆-၂၀ ဇွန်း)

အောက်ဆီဂိုးလ် Oxyfluorfen 23% EC ( ကြက်သွန်ခင်း ပေါင်းသတ်ဆေးရည် )

Bensulfuron – methyl 1.1% + Metsulfuron – methyl 0.2% + Acetochlor 16.7% WP ( ရွေးချယ်ပေါင်းသတ်ဆေး )

gkff-herbicide8

အာနိသင်

  • ထိသေအာနိသင်ရှိသော ရွေးချယ် ပေါင်းသတ်ဆေးရည် ဖြစ်သည်။
  • တစ်နှစ်ခံ ရွက်ပြန့်ပေါင်းများနှင့် မြက်မျိုးများကို နှိမ်နင်းနိုင်သည်။
  • တစ်နှစ်ခံ ရွက်ပြန့်ပေါင်းများနှင့် မြက်မျိုးများကို နှိမ်နင်းနိုင်သည်။
  • ပေါင်းပင်များ မထွက်မီ နှင့် ပေါက်ရောက်ပြီး အခြေအနေများတွင် ပက်ဖျန်းနိုင်သည်။/li>
  • အညွှန်းအတိုင်း စနစ်တကျ အသုံးပြုရန် သတိပြုပါ။

အသုံးပြုပုံ

ဆေးဖျန်းပုံးတစ်ပုံး (ရေ ၄ဂါလန်) ရောစပ်ရမည့်နှုန်းထား

  • ၈၀-၁၀၀ စီစီ (ဟင်းစားစတီးဇွန်း ၈-၁၀ ဇွန်း)

သတိပြုရန် အချက်များ

  • ဆေးကို လုံးဝမရှူပါနှင့်။ သင့်လျော်သော ကာကွယ်ရေးဝတ်စုံတို့ကိုဝတ်၍ ဆေးပက်ဖျန်း အသုံးပြုပါ။
  • ဆေးကိုင်တွယ်နေစဉ် ဆေးလိပ်၊ အစားအသောက်များ မစားသောက်ရ။
  • ဆေးပက်ဖျန်းပြီးပါက ခြေ၊ လက်များကို ဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးကြောပါ။

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • 100 CC, 250 CC