Insecticide

ပိုးသတ်ဆေးများ

ဆန်နိတော

Fenpropathrin 20 EC ( အင်းဆက်နှင့်မွှားပင့်ကူပိုးသတ်ဆေးရည် )

gkff-insecticide1

အာနိသင်

  • ဆေးဂန္ဓမာဓာတ်ပေါင်းအုပ်စုဝင် ပိုးသတ်ဆေးဖြစ်သည်။
  • ထိစေနှင့်စားသေ အဆိပ်အာနိသင်များရှိသည်။
  • အင်းဆက်ဖျက်ပိုးများ၏ ပိုးဥများကိုပါ နှိမ်နင်းနိုင်သော အဆိပ်အာနိသင်များရှိသည်။
  • ဆေးဖျန်းထားသော သီးနှံခင်းသို့ ဖျက်ပိုးမလာအောင် ဟန့်တားပေးသည်။
  • ရာသီသီးနှံများ မစိုက်မီ ပေါင်းကြမ်းအပြောင်ရှင်းခြင်း လုပ်ငန်း ဆောင်ရွက်နိုင်သည်။
  • အခြားအုပ်စုဝင် ပိုးသတ်ဆေးများနှင့် ရောစပ်၍သုံးနိုင်သည်။ အယ်လ်ကာလီပစ္စည်း များနှင့် မရောရ။

ဆေးဖျန်းပုံးတစ်ပုံး ( ရေ ၄ ဂါလန်)ရောစပ်ရမည့်ဆေးနှုန်းထား

  • ၄၀ – ၆၀ စီစီ ( ဟင်းစားစတီးဇွန်း ၄ – ၆ ဇွန်း )

WHO အဆိပ်သင့်မှုအဆင့်

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • 100 CC (Alu:) , 500 CC (Pet:), 5000 (Alu:)

ဆန်းမားရင်း

Cypermethrin 10 EC ( ရေဖျော်ပိုးသတ်ဆေးရည် )

gkff-insecticide2

အာနိသင်

  • ဆေးဂန္ဓမာဓာတ်ပေါင်းအုပ်စုဝင် ပိုးသတ်ဆေးဖြစ်သည်။
  • ထိသေနှင့်စားသေ အဆိပ်အာနိသင်များရှိပြီး အပင်ပေါ်တွင် အာနိသင်ကြာရှည်ခံသည်။
  • ဖျက်ပိုးများကို အမြန်မူးမေ့ပြုတ်ကျစေသော အာနိသင်ရှိသည်။
  • ဖျက်ပိုးများ၏ အစာစားမှုကို ချက်ချင်းရပ်တန့်စေသော အာနိသင်ရှိသည်။
  • သီးနှံအားလုံးအတွက် ဖျက်ပိုးများစွာကို နှိမ်နင်းရန်သုံးစွဲနိုင်သည်။
  • အခြားအုပ်စုဝင်ပိုးသတ်ဆေးများနှင့် ရောစပ်သုံးခြင်းဖြင့် ဆေးအစွမ်းပိုထက်စေသော အာနိသင်ရှိသည်။ အယ်လ်ကာလီပစ္စည်းများနှင့် မရောရ။

ဆေးဖျန်းပုံးတစ်ပုံး ( ရေ ၄ ဂါလန်)ရောစပ်ရမည့်ဆေးနှုန်းထား

  • ၄၀ – ၆၀ စီစီ ( ဟင်းစားစတီးဇွန်း ၄ – ၆ ဇွန်း )

WHO အဆိပ်သင့်မှုအဆင့်

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • 1000 CC (Alu:) , 5000 CC (Tin:)

တော်နေဒိုး

Cyfluthrin 10 EC ( ရေဖျော်ပိုးသတ်ဆေးရည် )

gkff-insecticide3

အာနိသင်

  • ဆေးဂန္ဓမာ ဓာတ်ပေါင်းအုပ်စုဝင် ပိုးသတ်ဆေးဖြစ်သည်။
  • ထိသေနှင့်စားသေ အဆိပ်အာနိသင်များရှိသည်။
  • ဖျက်ပိုးများကို ချက်ခြင်းပြုတ်ကျစေသော အာနိသင်ရှိသည်။
  • ဆေးအာနိသင် ကြာရှည်ခံသည်။
  • သီးနှံစုံတွင် အသုံးပြုနိုင်သည်။

ဆေးဖျန်းပုံး တစ်ပုံး ( ရေ ၄ ဂါလန် ) ရောစပ်သုံးစွဲရမည့်ဆေးနှုန်းထား

  • ၂၀ – ၄၀ စီစီ ( ဟင်းစားစတီးဇွန်း ၂ – ၄ ဇွန်း )

WHO အဆိပ်သင့်မှုအဆင့်

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • 100 CC (G), 500 CC (Pet:)

ရွှေဆိုက်ပါ

Cypermethrin 10 EC ( ရေဖျော်ပိုးသတ်ဆေးရည် )

gkff-insecticide4

အာနိသင်

  • ဆေးဂန္ဓမာဓာတ်ပေါင်းအုပ်စုဝင် ပိုးသတ်ဆေးဖြစ်သည်။
  • ထိသေနှင့်စားသေ အဆိပ်အာနိသင်များရှိပြီး အပင်ပေါ်တွင် အာနိသင်ကြာရှည်ခံသည်။
  • ဖျက်ပိုးများကို အမြန်မူးမေ့ပြုတ်ကျစေသော အာနိသင်ရှိသည်။
  • ဖျက်ပိုးများ၏အစာစားမှုကို ချက်ချင်းရပ်တန့်စေသော အာနိသင်ရှိသည်။
  • သီးနှံအားလုံးအတွက် ဖျက်ပိုးများစွာကို နှိမ်နင်းရန်သုံးစွဲနိုင်သည်။
  • အခြားအုပ်စုဝင် ပိုးသတ်ဆေးများနှင့် ရောစပ်သုံးခြင်းဖြင့် ဆေးအစွမ်းပိုကောင်းစေသည်။

ဆေးဖျန်းပုံး တစ်ပုံး ( ရေ ၄ ဂါလန် ) ရောစပ်သုံးစွဲရမည့်ဆေးနှုန်းထား

  • ၄၀ – ၆၀ စီစီ ( ဟင်းစားစတီးဇွန်း ၄ – ၆ ဇွန်း )

WHO အဆိပ်သင့်မှုအဆင့်

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • 100 CC (Pet:) , 250 CC (Pet:) , 500 CC (Alu:/Pet:), 1000 CC (Alu:/Pet:), 5000 CC (Alu:)

ရွှေဖန်သရင်

Bifenthrin 10 EC ( ရေဖျော်ပိုးသတ်ဆေးရည် )

gkff-insecticide5

အာနိသင်

  • ဆေးဂန္ဓမာဓာတ်ပေါင်းအုပ်စုဝင် ပိုးသတ်ဆေးဖြစ်သည်။
  • ထိသေနှင့်စားသေ အဆိပ်အာနိသင်များရှိသည်။ အဆိပ်အာနိသင်ပြင်းသည်။
  • ဖျက်ပိုးအများအပြားကို ထိရောက်စွာနှိမ်နင်းနိုင်ပြီး အချို့မွှားမျိုးစိတ်များကိုလည်း ထိရောက်စွာ နှိမ်နင်းနိုင်သည်။
  • စွယ်စုံသုံးပိုးသတ်ဆေးဖြစ်သည်။

ဆေးဖျန်းပုံး တစ်ပုံး ( ရေ ၄ ဂါလန် ) ရောစပ်သုံးစွဲရမည့်ဆေးနှုန်းထား

  • ၅ – ၂၀ စီစီ ( ဟင်းစားစတီးဇွန်း ၀.၅ – ၂ ဇွန်း )

ငါးနှင့်ပျားများကို အဆိပ်ဖြစ်စေသဖြင့် မြစ် ၊ ချောင်း ၊ အင်း ၊ အိုင်များအနီးတွင် သုံးစွဲပါက သတိပြုရန်လိုအပ်သည်။

WHO အဆိပ်သင့်မှုအဆင့်

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • 100 CC (Pet:), 500 CC (HDPE)

ရွှေအင်ဒို

Endosulfan 35 EC ( အင်းဆက်နှင့်မွှားပင့်ကူ ပိုးသတ်ဆေးရည် )

gkff-insecticide6

အာနိသင်

  • အော်ဂင်နိုကလိုရင်း ဓာတ်ပေါင်းအုပ်စုဝင် ပိုးသတ်ဆေးဖြစ်သည်။
  • ထိသေနှင့်စားသေ အဆိပ်အာနိသင်များရှိသည်။ အဆိပ်အာနိသင်ပြင်းသည်။
  • စွယ်စုံသုံးပိုးသတ်ဆေးဖြစ်သည်။

ဆေးဖျန်းပုံး တစ်ပုံး ( ရေ ၄ ဂါလန် ) ရောစပ်သုံးစွဲရမည့်ဆေးနှုန်းထား

  • ၂၀ – ၆၀ စီစီ ( ဟင်းစားစတီးဇွန်း ၂ – ၆ ဇွန်း )

ငါးနှင့်ပျားများကို အဆိပ်ဖြစ်စေသဖြင့် မြစ် ၊ ချောင်း ၊ အင်း ၊ အိုင်များအနီးတွင် သုံးစွဲပါက သတိပြုရန်လိုအပ်သည်။

WHO အဆိပ်သင့်မှုအဆင့်

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • 100 CC (Pet:), 500 CC (Pet:)

ရွှေသီယွန်

Fenitrothion 50 EC ( ရေဖျော်ပိုးသတ်ဆေးရည် )

gkff-insecticide7

အာနိသင်

  • အောင်ဂင်နိုဖော့စဖိတ် ဓာတ်ပေါင်းအုပ်စုဝင် ပိုးသတ်ဆေးဖြစ်သည်။
  • ထိသေနှင့်စားသေ အဆိပ်အာနိသင်များရှိသည်။
  • လူနှင့်ပတ်ဝန်းကျင်အတွက် အန္တရာယ်နည်းပါးသဖြင့် အပင်ဖျက်အင်းဆက်ပိုးများကိုသာမက အိမ်တွင်းဖျက်ပိုးများဖြစ်သော ခြင်၊ ယင် ၊ ပုရွက်ဆိတ် ၊ ကြမ်းပိုးများကိုပါ နှိမ်နင်းနိုင်သည်။

ဆေးဖျန်းပုံး တစ်ပုံး ( ရေ ၄ ဂါလန် ) ရောစပ်သုံးစွဲရမည့်ဆေးနှုန်းထား

  • ၄၀ – ၆၀ စီစီ ( ဟင်းစားစတီးဇွန် ၄ – ၆ ဇွန်း )

WHO အဆိပ်သင့်မှုအဆင့်

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • 500 CC (HDPE)

ရွှေမာလာ

Malathion 50 EC ( အင်းဆက်နှင့်မွှားပင့်ကူပိုးသတ်ဆေးရည် )

gkff-insecticide8

အာနိသင်

  • အော်ဂင်နိုဖော့စဖိတ် ဓာတ်ပေါင်းအုပ်စုဝင် ပိုးသတ်ဆေးဖြစ်သည်။
  • ထိသေနှင့်စားသေ အဆိပ်အာနိသင်များရှိသည်။
  • လူနှင့်ပတ်ဝန်းကျင်အတွက် အန္တရာယ်နည်းပါးသဖြင့် အပင်ဖျက်အင်းဆက်ပိုးများကိုသာမက အိမ်တွင်းဖျက်ပိုးများဖြစ်သော ခြင်၊ ယင်၊ ပုရွက်ဆိတ်၊ ကြမ်းပိုးများကိုပါ နှိမ်နင်းနိုင်သည်။
  • မွေးမြူရေးခြံများ၊ သီးနှံသိုလှောင်ရုံများ၌ ဖျက်ပိုးနှိမ်နင်းရာတွင်လည်း အသုံးပြုနိုင်သည်။
  • အယ်လ်ကာလီပစ္စည်းများနှင့်မရောရ။

ဆေးဖျန်းပုံး တစ်ပုံး ( ရေ ၄ ဂါလန် ) ရောစပ်သုံးစွဲရမည့်ဆေးနှုန်းထား

  • ၄၀ – ၆၀ စီစီ ( ဟင်းစားစတီးဇွန် ၄ – ၆ ဇွန်း )

WHO အဆိပ်သင့်မှုအဆင့်

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • 100 CC (Pet:), 500 CC (Pet:), 1000 (Alu:/Pet:)

ရွှေဖန်သို

Phenthoate 50 EC ( အင်းဆက်နှင့်မွှားပင်ကူပိုးသတ်ဆေးရည် )

gkff-insecticide9

အာနိသင်

  • အော်ဂင်နိုဖော့စဖိတ်ဓါတ်ပေါင်းအုပ်စုဝင် ပိုးသတ်ဆေးဖြစ်သည်။
  • ထိသေနှင့်စားသေ အဆိပ်အာနိသင်များရှိသည်။
  • အင်းဆက်ဖျက်ပိုးများနှင့် မွှားပင့်ကူများကိုပါ ထိရောက်စွာနှိမ်နင်းနိုင်သည်။
  • အယ်လ်ကာလီပစ္စည်းများနှင့် မရောရ။
  • အယ်လ်ကာလီပစ္စည်းများနှင့်မရောရ။

ဆေးဖျန်းပုံး တစ်ပုံး ( ရေ ၄ ဂါလန် ) ရောစပ်သုံးစွဲရမည့်ဆေးနှုန်းထား

  • ၄၀ – ၆၀ စီစီ ( ဟင်းစားစတီးဇွန် ၄ – ၆ ဇွန်း )

WHO အဆိပ်သင့်မှုအဆင့်

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • 100 CC (Pet:), 250 CC (Pet:), 500 CC (Pet:)

ရွှေဒိုင်မီ

Dimethoate 40 EC ( ပင်လုံးပျံ့အင်းဆက်နှင့် မွှားပင့်ကူ ပိုးသတ်ဆေးရည် )

gkff-insecticide10

အာနိသင်

  • အောင်ဂင်နိုဖော့စဖိတ်ဓာတ်ပေါင်းအုပ်စုဝင် ပိုးသတ်ဆေးဖြစ်သည်။
  • ထိသေ ၊ စားသေနှင့် ပင်လုံးပျံ့အဆိပ်အာနိသင်များရှိသည်။
  • မိတ်ဆွေပိုးဖြစ်သော သားရဲအင်းဆက်များကို ထိခိုက်ပျက်စီးစေမှုနည်းသည်။
  • အရွက်စားပိုးများ ၊ စုပ်စားပိုးများနှင့် မွှားပင့်ကူများကိုပါ ထိရောက်စွာနှိမ်နှင်းနိုင်သည်။
  • ဆာလ်ဖာပါဝင်သော အယ်လ်ကာလီပစ္စည်းများနှင့်မရောရ။

ဆေးဖျန်းပုံး တစ်ပုံး ( ရေ ၄ ဂါလန် ) ရောစပ်သုံးစွဲရမည့်ဆေးနှုန်းထား

  • ၄၀ – ၆၀ စီစီ ( ဟင်းစားစတီးဇွန်း ၄ – ၆ ဇွန်း )

ဆေးနှုန်းထားများလျှင် အသီးတင်မှုထိခိုက်နိုင်သဖြင့် ပန်းပွင့်ချိန်တွင် သတိပြုသုံးစွဲပါ။

WHO အဆိပ်သင့်မှုအဆင့်

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • 100 CC (G), 500 CC(G), 1000 CC (Pet:)

ရွှေအဆီ

Acephate 73 SP ( ပင်လုံးပျံ့ရေပျော်ပိုးသတ်ဆေးမှုန့် )

gkff-insecticide11

အာနိသင်

  • အော်ဂင်နိုဖော့စဖိတ် ဓာတ်ပေါင်းအုပ်စုဝင် ပိုးသတ်ဆေးဖြစ်သည်။
  • ထိသေ ၊ စားသေနှင့် ပင်လုံးပျံ့အဆိပ်အာနိသင်များရှိသည်။
  • ရေတွင်ပျော်ဝင်မှုကောင်းသော ထုတ်လုပ်မှုပုံစံဖြစ်သည်။
  • အပင်ပေါ်တွင် စွဲကပ်ပျံ့နှံ့မှုကောင်းမွန်သည်။
  • ဖျက်ပိုးကျရောက်မှုဆိုးဝါးချိန်တွင် အခြားပိုးသတ်ဆေးအုပ်စုများနှင့်ရောစပ်ပြီးနှိမ်နင်းနိုင်သည်။

ဆေးဖျန်းပုံးတစ်ပုံး ( ရေ ၄ ဂါလန် ) ရောစပ်သုံးစွဲရမည့်ဆေးနှုန်းထား

  • ၄၀ – ၆၀ ဂရမ် ( ဟင်းစားစတီးဇွန် ၄ – ၆ ဇွန်း )

WHO အဆိပ်သင့်မှုအဆင့်

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • 250 gm(Tin), 250 gm(Bag), 500 gm(Bag), 500 gm(HDPE), 1 kg(Bag), 3 kg , 5 kg

ရွှေနိုဖော့စ်

Profenofos 50 EC ( အင်းဆက်နှင့်မွှားပင့်ကူပိုးသတ်ဆေးရည် )

gkff-insecticide12

အာနိသင်

  • အော်ဂင်နိုဖော့စဖိတ် ဓာတ်ပေါင်းအုပ်စုဝင် ပိုးသတ်ဆေးဖြစ်သည်။
  • ထိသေနှင့်စားသေ အဆိပ်အာနိသင်များရှိသည်။
  • အရွက်စားအင်းဆက်ဖျက်ပိုးမျိုးစုံနှင့် မွှားပင့်ကူများကိုပါ ထိရောက်စွာနှိမ်နင်းသည်။

ဂန္ဓမာအုပ်စုဝင်ပန်းစိုက်ခင်းများတွင် အသုံးမပြုသင့်ပါ။

ဆေးဖျန်းပုံးတစ်ပုံး ( ရေ ၄ ဂါလန် ) ရောစပ်သုံးစွဲရမည့်ဆေးနှုန်းထား

  • ၄၀ – ၆၀ စီစီ ( ဟင်းစားစတီးဇွန် ၄- ၆ ဇွန်း )

WHO အဆိပ်သင့်မှုအဆင့်

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • 150 CC(G), 500 CC (G)

ရွှေဆန်းဖော့စ်

Chlorpyrifos 40.8 EC ( ရေဖျော်ပိုးသတ်ဆေးရည် )

gkff-insecticide13

အာနိသင်

  • အော်ဂင်နိုဖော့စဖိတ် ဓာတ်ပေါင်းအုပ်စုဝင် ပိုးသတ်ဆေးဖြစ်သည်။
  • ထိသေ ၊ စားသေနှင့် အဆိပ်ငွေ့ အာနိသင်များရှိသည်။
  • အညွန် ၊ အပွင့်အကြိုအကြားနှင့် အရွက်အောက်ဘက်ရှိ ပိုးများကိုပါ ထိရောက်စွာ နှိမ်နင်းနိုင် သည်။
  • မြေတွင်းအောင်းပိုးများကာကွယ်ရန် စိုက်မြောင်းများအတွင်း ပက်ဖျန်းမြေဖုံးအသုံးပြုနိုင်သည်။

ဆေးဖျန်းပုံးတစ်ပုံး ( ရေ ၄ ဂါလန် ) ရောစပ်သုံးစွဲရမည့်ဆေးနှုန်းထား

  • ၄၀ – ၆၀ စီစီ ( ဟင်းစားစတီးဇွန် ၄- ၆ ဇွန်း )

WHO အဆိပ်သင့်မှုအဆင့်

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • 100 CC (Pet:), 250 CC (Pet:), 500 CC(Pet:),1000 CC(Pet:), 5000 CC(Tin:)

ကလပ်စတာ

Cypermethrin + Chlorpyrifos 55 EC ( ရေဖျော်ပိုးသတ်ဆေးရည် )

gkff-insecticide14

အာနိသင်

  • ဆေးဂန္ဓမာနှင့် အော်ဂင်နိုဖော့စဖိတ် ဓာတ်ပေါင်းအုပ်စုဝင် ပိုးသတ်ဆေးနှစ်မျိုး ပေါင်းစပ်ထား သော ပိုးသတ်ဆေးဖြစ်သည်။
  • ထိသေ ၊ စားသေနှင့် အဆိပ်ငွေ့အာနိသင်များရှိသည်။
  • အခြားပိုးသတ်ဆေးများကို ခံနိုင်ရည်ရှိသော ဖျက်ပိုးများကို ထိရောက်စွာ နှိမ်နှင်းနိုင်သည်။
  • ဖျက်ပိုးများကို ချက်ချင်းပြုတ်ကျသေစေသော အာနိသင်ရှိသည်။
  • အညွန့်၊ အပွင့်အကြားနှင့် အရွက်အောက်ဘက်ရှိပိုးများကိုပါ ထိရောက်စွာ နှိမ်နင်းနိုင်သည်။

ဆေးဖျန်းပုံးတစ်ပုံး ( ရေ ၄ ဂါလန် ) ရောစပ်သုံးစွဲရမည့်ဆေးနှုန်းထား

  • ၄၀ – ၆၀ စီစီ ( ဟင်းစားစတီးဇွန် ၄- ၆ ဇွန်း )

WHO အဆိပ်သင့်မှုအဆင့်

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • 100 CC (Pet:), 250 CC (Pet:), 500 CC(Pet:),1000 CC(Pet:), 5000 CC(Tin:)

ရွှေဆီတာ

Acetamiprid 1.8 EC ( ပင်လုံးပျံ့ ရေဖျော်ပိုးသတ်ဆေးရည် )

gkff-insecticide15

အာနိသင်

  • နီယိုနီကိုတီနွိုက် ဓာတ်ပေါင်းအုပ်စုဝင် ပိုးသတ်ဆေးဖြစ်သည်။
  • ပင်လုံးပျံ့နှင့် အပင်တွင်းစိမ့်ဝင်ထိုးဖောက်နိုင်သော အဆိပ်အာနိသင်များရှိသည်။

ဆေးဖျန်းပုံးတစ်ပုံး ( ရေ ၄ ဂါလန် ) ရောစပ်သုံးစွဲရမည့်ဆေးနှုန်းထား

  • ၂၀ – ၄၀ စီစီ ( ဟင်းစားစတီးဇွန်း ၂ – ၄ ဇွန်း )

WHO အဆိပ်သင့်မှုအဆင့်

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • 100 CC(G) , 500 CC(Pet:)

ရွှေမီဒါ

Imidacloprid 70 WP ( ပင်လုံးပျံ့ပိုးသတ်ဆေးမှုန့် )

gkff-insecticide16

အာနိသင်

  • နီယိုနီကိုတီနွိုက်အုပ်စုဝင် ပိုးသတ်ဆေးဖြစ်သည်။
  • ထိသေ ၊ စားသေနှင့် ပင်လုံးပျံ့ အဆိပ်အာနိသင်များရှိသည်။
  • စုပ်စားပိုးမျိုးစိတ်များကို အထူးထိရောက်စွာနှိမ်နင်းနိုင်ပါသည်။
  • မျိုးစေ့လူးနယ်ဆေးအဖြစ်လည်း သုံးနိုင်သည်။

ဆေးဖျန်းပုံးတစ်ပုံး ( ရေ ၄ ဂါလန် ) ရောစပ်သုံးစွဲရမည့်ဆေးနှုန်းထား

  • ၂ – ၅ ဂရမ် ( လက်ဖက်စားဇွန်း ၀.၅ – ၁ ဇွန်း )

WHO အဆိပ်သင့်မှုအဆင့်

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • 5 gm(Bag) , 50 gm(Bag), 100 gm(Bag)

ရွှေဆန်းတက် ၄ ဂျီ

Cartap 4G ( ပင်လုံးပျံ့ မြေအောင်းပိုးသတ်ဆေးခဲ)

gkff-insecticide17

အာနိသင်

  • ကာဘာမိတ်အုပ်စုဝင် မြေအောင်းပိုးသတ်ဆေးခဲဖြစ်သည်။
  • ပင်လုံးပျံ့ အဆိပ်အာနိသင်များရှိသည်။
  • မြေတွင်း၌အဆိပ်အာနိသင်ကြာရှည်ခံသဖြင့် သီးနှံတစ်ရာသီတွင် တစ်ကြိမ်သာသုံးရန် လိုအပ် သည်။

အသုံးပြုပုံ

  • ဆေးအာနိသင်ပိုမိုထိရောက်စေရန် အစိုဓါတ်ရှိသောမြေကြီးနှင့် သမအောင်ရောမွှေပါ။
  • ဓါတ်မြေသြဇာများနှင့် ရောစပ်ကြဲပက်အသုံးပြုနိုင်သည်။

နှုန်းထား

  • တစ်ဧကလျှင် ( ၃ – ၇ ) ကီလိုဂရမ်သုံးပါ။

WHO အဆိပ်သင့်မှုအဆင့်

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား


ရွှေဆန်းတက် ၅၀ အက်စ်ပီ

Cartap 50 SP ( ပင်လုံးပျံ့ ရေဖျော်ပိုးသတ်ဆေးမှုန့် )

gkff-insecticide18

အာနိသင်

  • ကာဘာမိတ်အုပ်စုဝင် ရေဖျော်ပိုးသတ်ဆေးမှုန့်ဖြစ်သည်။
  • ထိသေ ၊ စားသေနှင့် ပင်လုံးပျံ့အဆိပ်အာနိသင်များရှိသည်။
  • ရေတွင်ပျော်ဝင်မှုကောင်းသော ထုတ်လုပ်မှုပုံစံဖြစ်သည်။
  • အပင်ပေါ်တွင် စွဲကပ်ပျံ့နှံ့မှုကောင်းမွန်သည်။
  • ဆေးနှင့်ထိတွေ့မိသည်နှင့် ဖျက်ပိုး၏စားသောက်ဖျက်ဆီးမှု ရပ်တန့်သွားစေသည်။
  • သီးနှံဖျက်ပိုးများအားလုံးနှင့် စုပ်စားပိုးများကိုပါ နှိမ်နင်းနိုင်သည်။
  • ဖျက်ပိုးကျရောက်မှုဆိုးဝါးချိန်တွင် အခြားအုပ်စုဝင်ပိုးသတ်ဆေးများနှင့် ရောစပ်သုံးခြင်းဖြင့် ထိရောက်စွာနှိမ်နင်းနိုင်သည်။

ဆေးဖျန်းပုံးတစ်ပုံး ( ရေ ၄ ဂါလန် ) ရောစပ်သုံးစွဲရမည့်ဆေးနှုန်းထား

  • ၄၀ – ၆၀ ဂရမ် ( ဟင်းစားစတီးဇွန် ၄ – ၆ ဇွန်း )

ဆေးနှုန်းထားလွန်ကဲပါက အရောင်ရှိပန်းများကို အရောင်ဖျော့စေသဖြင့် သတိပြုသုံးစွဲပါ။

WHO အဆိပ်သင့်မှုအဆင့်

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • 100 gm(Bag) , 500 gm(Bag), 500 gm(HDPE)

ရွှေဖျူရမ် ၃ ဂျီ

Carbofuran 3 G ( ပင်လုံးပျံ့မြေတွင်းအောင်းပိုးသတ်ဆေးခဲ )

gkff-insecticide20

အာနိသင်

  • ကာဘာမိတ်အုပ်စုဝင် မြေတွင်းအောင်းပိုးသတ်ဆေးခဲဖြစ်သည်။
  • ထိသေ ၊ စားသေနှင့် ပင်လုံးပျံ့အာနိသင်များရှိသည်။
  • စပါးဆစ်ပိုး ၊ ဖြုတ်ညို ၊ ဖြုတ်စိမ်း ၊ ပင်စည်ထိုးပိုး ၊ စပါးကြက်သွန်မြိတ်ပိုး ၊ ပျပိုး ၊ သီးလုံးဖောက်ပိုးများကို နှိမ်နင်းနိုင်သည်။
  • နီမတုတ်ရောဂါများကို ထိရောက်စွာကြိုတင်ကာကွယ်နှိမ်နင်းနိုင်သည်။

နှုန်းထား

  • တစ်ဧကအတွက် အသုံးပြုရန်နှုန်းထား ( ၃ – ၅ ) ကီလိုဂရမ်

WHO အဆိပ်သင့်မှုအဆင့်

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • 1 kg (Bag)

ရွှေခရု

(Niclosamide Ethanolamine salt 25% + Metaldehyde 1% SC (ခရုသတ်ရေဖျော်ဆေးရည်)

gkff-insecticide21

အာနိသင်

ခရုသည် စိုက်ပျိုသီးနှံပင်များ၏ ပျိုးပင်အဆင့်နှင့် အပင်များငယ်ရွယ်စဉ် အရွက်များအား ကိုက်ဖြတ် စားသောက်သည့်အတွက် သီးနှံပင်များ၏ ဖွံ့ဖြိုးခြင်းအား နှောင့်နှေးကြန့်ကြာ စေသည့်အပြင် ကိုက်ဖြတ် ဒါဏ်ရာများမှတဆင့် အခြား မလိုလားအပ်သည့် မှိုရောဂါနှင့် ဘက်တီးရီးယားရောဂါပိုးများအား ၀င်ရောက်စေနိုင်သည့်အတွက် အထွက်နှုန်းအား လျော့ကျ စေနိုင်ပါသည်။ ထို့အပြင် ခရုမှ ထွက်ရှိသည့် အကျိအချွဲများသည် ထွက်ကုန်သီးနှံများ၏ အရည်အသွေးအား ကျဆင်းစေနိုင်ပါသည်။ Golden Key Co., Ltd ၏ ခရုသတ် ရေဖျော်ဆေးရည် သည် ထိသေ၊ စားသေအာနိသင်ရှိပြီး ခရုမျိုးနွယ်များအပြင် ပက်ကျိမျိုးနွယ်နှင့် မျှော့မျိုးနွယ် အားလုံးအား ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည်။

သတိပြုရန်အချက်များ

  • စိုက်ဧရိယာတစ်ခုလုံး ပက်ဖျန်းရန် မလိုအပ်ပါ၊ ခရု/ပက်ကျိများ တွေ့ရှိသည့် အပင်ခြေ/ တန်းကြားနှင့် ပန်းအိုးများ အတွင်း ထည့်သွင်း ပက်ဖျန်းရန်။
  • စပါးခင်းအတွင်း ရေကို ပြောင်စင်အောင်ထုတ်ပြီးမှ ဆေးပက်ဖျန်းရန် နှင့် (၄၈)နာရီအတွင်း ရေပြန်မသွင်းရန်။
  • (၂၀)ရက်ခြားတစ်ကြိမ် ပက်ဖျန်းနိုင်ပြီး သီးနှံတစ်ရာသီအတွင်း နှစ်ကြိမ်ထက် ပိုပြီးမပက်ဖျန်းရန်။
  • မိုးများရွာသွန်းစဉ်၊ လေတိုက်နှုန်းမြင့်မားစဉ် ရေစီးဆင်းမှုရှိပါကဆေးပက်ဖျန်းခြင်းမှရှောင်ကျဉ်ရန်။

နှုန်းထား

  • တစ်ဧကအတွက် အသုံးပြုရန်နှုန်းထား ( ၂၀၀-၄၀၀ ) စီစီ

WHO အဆိပ်သင့်မှုအဆင့်

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • 500 cc (HDPE)

ရွှေမက်တင်

( အင်းဆက်နှင့်မွှားပင့်ကူသတ်ဆေးရည် )

gkff-insecticide22

အာနိသင်

  • ဇီဝပိုးသတ်ဆေးအမျိုးအစားအုပ်စုဝင် မြေတွင်းအောင်းပိုးသတ်ဆေးဖြစ်သည်။
  • ထိသေ၊ စားသေ အာနိသင်ရှိသည်။
  • အင်းဆက်မျိုးစုံ ၊ မွှားပင့်ကူနှင့် နီမတုတ်များကို နှိမ်နင်းနိုင်သည်။
  • နီမတုတ်ရောဂါကာကွယ်နိုင်ရန် မျိုးစေ့လူးနယ်ဆေးအဖြစ် သုံးနိုင်သည်။
  • ပန်းမန် ၊ ၀ါ ၊ အာလူး၊ လိမ္မော်မျိုးရင်း၊ ဟင်းသီးဟင်းရွက်သီးနှံများတွင် သုံးနိုင်သည်။

ဆေးဖျန်းပုံးတစ်ပုံးရောစပ်ရမည့်နှုန်းထား

  • ၅-၁၅ စီစီ ( ဟင်းစားစတီးဇွန်း ၀.၅ – ၁.၅ ဇွန်း )

WHO အဆိပ်သင့်မှုအဆင့်

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • 10 CC (Bag) , 100 CC (G), 500 CC (G)

အေးဂျင့်

( ရေဖျော်ပိုးသတ်ဆေးရည် )

gkff-insecticide23

အာနိသင်

  • ဖီနိုင်းပါရာဇိုးလ်အုပ်စုဝင် ရေဖျော်ပိုးသတ်ဆေးရည်ဖြစ်သည်။
  • ထိသေနှင့်စားသေအာနိသင်ရှိ ဘက်စုံသုံးဆေးဖြစ်သည်။
  • အခြားပိုးသတ်ဆေးအုပ်စုများကို ခံနိုင်ရည်ရှိသော ဖျက်ပိုးမျိုးစိတ်များအတွက် အသင့်တော်ဆုံး ပိုးသတ်ဆေးဖြစ်သည်။
  • မျိုးစေ့လူးနယ်ဆေး ၊ မြေပြင်ဆေးအဖြစ်လည်း အသုံးပြုနိုင်သည်။
  • စပါးကဲ့သို့ သီးနှံများတွင် ပင်လုံးပျံ့အာနိသင်ဖြင့် ထိရောက်မှုကောင်းစေသည်။

ဆေးဖျန်းပုံးတစ်ပုံး ( ရေ ၄ ဂါလန် ) ရောစပ်သုံးစွဲရမည့် ဆေးနှုန်းထား

  • ၂၀-၈၀ စီစီ ( ဟင်းစားစတီးဇွန်း ၂ – ၈ ဇွန်း )

WHO အဆိပ်သင့်မှုအဆင့်

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • 100 CC

မိုက်ကေလာ

( မွှားသတ်ဆေးရည် )

gkff-insecticide24

အာနိသင်

  • ထရိုင်ရာဇာပန်တာဒင်းအုပ်စုဝင် ပိုးသတ်ဆေးဖြစ်သည်။
  • ပင်လုံးပြန့်မဟုတ်သော်လည်း ထိတွေ့အဆိပ်သင့်မှုနှင့်ရှူမိလျှင် လျင်မြန်စွာ ထိရောက်စေသည့် အဆိပ်သင့်မှုဖြစ်စေသည်။
  • မွှားပင့်ကူနီ၊ လှေး ၊ ကျိုင်း ၊ ပျ ၊ သရစ်ပိုး ၊ ပိုးစေးနဲ ၊ ယင်ဖြူ နှင့် သီးလုံးဖောက်ပိုး (ဥ မှ ပေါက်ကာစ အကောင်ငယ်)နှင့် လိပ်ပြာဖလံမျိုးများ၏ ပထမသားဆက်အကောင်ငယ် အဆင့်ကိုပါ နှိမ်နင်းနိုင်သည်။
  • အခြားပိုးသတ်ဆေးများနှင့် ရောနှောအသုံးပြုနိုင်ပါသည်။

ဆေးဖျန်းပုံးတစ်ပုံး ( ရေ ၄ ဂါလန် ) ရောစပ်သုံးစွဲရမည့် ဆေးနှုန်းထား

  • ၂၅-၁၂၀ စီစီ ( ဟင်းစားစတီးဇွန်း ၂၅ – ၁၂ ဇွန်း )

WHO အဆိပ်သင့်မှုအဆင့်

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • 100 CC

ဂိုးလ်ဖော့စ်

( အဆိပ်ငွေ့ပိုးသတ်ဆေးပြားခဲ )

gkff-insecticide25

အာနိသင်

  • ဆန်စပါး ၊ ဂျုံ ၊ ပြောင်း၊ မြေပဲ ၊ နှမ်း ၊ ပဲမျိုးစုံစသည်တို့ သိုလှောင်ရာ၌ အဆိပ်ငွေ့မှိုင်းတိုက်ရာ တွင် သုံးစွဲနိုင်သည်။
  • ကုန်ပစ္စည်းအစုအပုံများကို ပလပ်စတစ်ဖြင့်လေလုံအောင်ဖုံးအုပ်ပြီး သတ်မှတ်နှုန်းထားအတိုင်း အသုံးပြု၍ အဆိပ်ငွေ့မှိုင်းတိုက်ခြင်းဖြင့် သိုလှောင်ဖျက်ပိုးများစွာကို ကာကွယ်နှိမ်နင်းနိုင်သည်။

အသုံးပြုပုံ

  • သိုလှောင်ကုန်ပစ္စည်း (၁) ကုဗမီတာလျှင် ဆေးပြား ၂ – ၆ ပြား

WHO အဆိပ်သင့်မှုအဆင့်

ကျွမ်းကျင်သူပညာရှင်၏ ညွန်ကြားချက်အတိုင်း ဂရုတစိုက် ကိုင်တွယ်အသုံးပြုပါ။

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • 960 g