Herbicide

ပေါင်းသတ်ဆေးများ

မက်ဂါဂလိုင်စင်း ပင်လုံးပျံ့ပေါင်းသတ်ဆေး

Glyphosate IPA Salt 48% SL

အာနိသင်

  • ရွေးချယ်မဲ့အာနိသင်ရှိသဖြင့် အစိမ်းရောင်ရှိအပင်အားလုံးကိုသေစေသည်။
  • ပင်လုံးပျံ့အာနိသင်ရှိသဖြင့်ဆေးကိုအစိမ်းရောင်အရွက်များကစုပ်ယူပြီးအပင်၏အင်္ဂါအစိတ်အပိုင်းအနှံ့ပို့ဆောင်ရောက်ရှိစေသည်။
  • ရာသီပေါင်းများ၊ နှစ်ရှည်ပေါင်းများ၊ မြေအောက်ပင်စည်၊ဥအစရှိသည်တို့မှ မျိုးပွားသော ပေါင်းပင်များကိုပါ ရှင်းလင်းသုတ်သင်နိုင်သည်။
  • ဥယျာဉ်ခြံများနှင့်နှစ်ရှည်စိုက်ခင်းများတွင် အပင်အောက်ခြေ တန်းကြားပေါင်းရှင်းရာ၌ (သီးနှံပင်အားမထိအောင် အပင်ခြေကိုကာကွယ်ပြီး) ဆောင်ရွက်နိုင်သည်။
  • ရာသီသီးနှံများ မစိုက်မီ ပေါင်းကြမ်းအပြောင်ရှင်းခြင်း လုပ်ငန်း ဆောင်ရွက်နိုင်သည်။
  • ဖုန်းဆိုးတောများ၊ လမ်:အဆောက်အဦးဝန်းကျင်များတွင် ပေါင်းကြမ်းအပြောင်ရှင်းခြင်း လုပ်ငန်းဆောင်ရွက်နိုင်သည်။

ဆေးဖျန်းပုံးတစ်ပုံး ( ရေ ၄ ဂါလန်)ရောစပ်ရမည့်ဆေးနှုန်းထား

  • (၂ဝဝ – ၃ဝဝ စီစီ)

[ (၁ဧက) လျှင် ဆေးရည် ၁ – ၂ လီတာ (ရေ ၄ ဂါလန်ဆံ့ဆေးဖျန်း ၅ – ၈ ပုံး) သုံးပါ။]

WHO အဆိပ်သင့်မှုအဆင့်

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • ၅ဝဝ စီစီ၊ ၁ လီတာ၊ ၅ လီတာ

မက်ဂါ တူးဖိုးဒီ ( ရွေးချယ်ပေါင်းသတ်ဆေးရည် )

2,4-D dimethylaminesalt 60% SL

အာနိသင်

  • ပင်လုံးပျံ့အာနိသင်ရှိသောရွေးချယ်ပေါင်းသတ်ဆေးရည် ဖြစ်သည်။
  • တစ်နှစ်ခံနှင့် နှစ်ရှည်ရွက်ပြန့်ပေါင်းများ၊ မြက်မုံညှင်းများကို နှိမ်နင်းနိုင်သည်။
  • ပေါင်းပင်များထွက်ရှိပြီးသည့် အချိန်တွင် အသုံးပြုနိုင်သည်။
  • နှံစားသီးနှံများ၊ ကြံ၊ ရာဘာ၊ ဆီအုန်းစိုက်ခင်းများတွင် သုံးနိုင်သည်။
  • အညွှန်းအတိုင်းစနစ်တကျ အသုံးပြုရန် သတိပြုပါ။

ဆေးဖျန်းပုံးတစ်ပုံး ( ရေ ၄ ဂါလန်)ရောစပ်ရမည့်ဆေးနှုန်းထား

  • ၆ဝ – ၂ဝဝ စီစီ (ဟင်းစားစတီးဇွန်း ၆ – ၂၀ ဇွန်း)

WHO အဆိပ်သင့်မှုအဆင့်

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • ၅ဝဝ စီစီ ၊ ၁ လီတာ

မက်ဂါပေါင်း-၃ ( စပါးခင်းရွေးချယ်ပေါင်းသတ်ဆေး )

Bensulfuron-methyl 4%+ Quinclorac 28% WP

အာနိသင်

  • တိုက်ရိုက်အစေ့ချစပါးခင်းနှင့် ရွှေ့ပြောင်းစိုက် စပါးခင်းနှစ်မျိုးစလုံးတွင် အသုံးပြုနိုင်ပါသည်။
  • စပါးခင်းများအတွင်း ပေါက်ပြီးသားပေါင်းပင်များသာမက နောက်ထပ်ပေါက်လာမည့် ပေါင်းပင်များကို ပေါက်မလာအောင် အုပ်ပေးထားနိုင်သည်။

ဆေးနှုန်းထား

  • တစ်ဧကအတွက် ၂၀၀-၃၀၀ ဂရမ်နှုန်းပက်ဖျန်းပါ။
  • တိုက်ရိုက်စိုက်ခင်းတွင် မျိုးစေ့ချပြီး ၅- ရက် ရွှေ့ပြောင်းစိုက်ခင်းတွင် ကောက်စိုက်ပြီး ( ၇ – ၁ဝ) ရက်အကြာတွင် ဆေးဖျန်းပါ။

သတိပြုရန်

  • သမန်းမျက်နှာပြင်ညီညာရမည်။
  • ဆေးမဖျန်းမီလယ်ထဲတွင် ရေအမြင့် ၁.၅ – ၂ လက်မရှိရမည်။
  • ဆေးဖျန်းပြီး (၂-၃)ရက်အကြာတွင် ရေပြန်သွင်းပါ။

WHO အဆိပ်သင့်မှုအဆင့်

ထုတ်လုပ်ဖြန့်ဖြူးသော ဆေးအရွယ်အစား

  • ၈ဝ ဂရမ်