Farm Implements

လယ်ယာသုံးကိရိယာများ

မြင်းကျား® အဆင့်မြင့်ကျောပိုးဆေးဖျန်းပုံးများ (Knap-sack Sprayers)

farm-implement1

  • ပုံးအပြင်ဘက်ပိုင်းကို လူ၏ကျောကုန်း ပုံသဏ္ဍာန်အတိုင်း အံဝင်ခွင်ကျ ပြုလုပ်ထားသောကြောင့် ဆေးဖျန်းသူအတွက် သက်တောင့်သက်သာ ရှိစေသည်။ ပလတ်စတစ် ပုံလောင်းနည်းစနစ်ဖြင့် ပြုလုပ်ထားသောကြောင့် ပုံးတစ်ခုလုံးသည် တစ်သားတည်းဖြစ်၍ အပြစ်အနာအဆာမရှိ ၊ ယိုစိမ့်မှုမရှိ။
  • လေအိုးနှင့် လေထိုးတံမှာ ပုံး၏နှုတ်ခမ်း နှင့် အံဝင်ခွင်ကျရှိသည်။ အဖုံးမှာခိုင်ခံ့ပြီး လေလုံသည်။
  • ဆေးဖျန်းခေါင်း များစွာပါဝင်၍ လိုအပ်ချက်အတိုင်း အသုံးပြုရန် ၊ ကောင်းမွန်စွာ ပက်ဖျန်း နိုင်ရန်တို့အတွက် အသင့်တော်ဆုံး ဖြစ်သည်။
  • ဆေးဖျန်းပုံး ထုတ်လုပ်ရာတွင် အယ်လ်ကာလီ၊ အက်စစ်ဒဏ် နှင့် တိုက်စားမှုတို့ကို ခံနိုင်ရည် ရှိသော ကုန်ကြမ်းများကို ရွေးချယ် အသုံးပြုထားသောကြောင့် ဆေးဖျန်းပုံးသည် လေလုံပြီး တာရှည် အကြမ်းခံပါသည်။

မြင်းကျား® HPGS – 1000 လက်တွန်းတုံကင်ဆေးဖျန်းစက် (High Power Garden Sprayer Machine)

farm-implement2

Tank Capacity 50 Litres
Fuel Tank Capacity 2.8 Litres
Machine Weight 18 Kg
Output 8 Litre/Min
Pressure 15-25 Kg/Cm2
  • ဆေးရည်ကို နေရာအနှံ့ပက်ဖျန်းပေးခြင်း၊ လေဖိအားကိုအသုံးပြု၍ အရွက်များကို လန်ထွက် စေကာ အရွက်၏အပေါ်ဖက် ၊ အောက်ဖက် နှစ်ဖက်လုံးကို နှံ့အောင် ဖျန်းပက်ပေးနိုင်သည်။
  • အချိန်တိုအတွင်း ဧရိယာများစွာကို ပက်ဖျန်းနိုင်သည်။
  • ပြင်းအားမြင့်သောဆေး ( Concentrated ) ကို ပမာဏအနည်းငယ် ( Low Volume ) သာ အသုံးပြုရသဖြင့် ဆေးကို ချွေတာနိုင်သည့်အပြင် ရေကိုလည်း ချွေတာနိုင်သည်။
    (နှစ်ရှည်ပင်များ၊ ဥယျာဉ်ခြံသီးနှံများ၊ ပန်းမန်ပင်များ၊ နှံစားသီးနှံများ၊ ပဲမျိုးစုံ၊ ဟင်းသီး ဟင်းရွက်များ၊ ဆီထွက်သီးနှံများ စသည်ဖြင့် သီးနှံစုံ အသုံးပြုနိုင်သည်။)

မြင်းကျား® HPPS-808 ကျောပိုးတုံကင်ဆေးဖျန်းစက် (High Power Knap-sack Sprayer)

farm-implement3

Tank Capacity 25 Litres
Fuel Tank Capacity 2.8 Litres
Machine Weight 12 Kg
Output 8 Litre/Min
Pressure 15-25 Kg/Cm2
  • ထူးခြားဆန်းသစ်သော ပုံစံများဖြင့် ထုတ်လုပ်ထားခြင်း၊
  • အသုံးပြုရာတွင် ပေါ့ပါးသွက်လက်၍ သက်တောင့်သက်သာရှိခြင်း၊
  • လောင်စာဆီ အသုံးပြုနှုန်း သက်သာခြင်း၊
  • အချိန်ကုန်သက်သာခြင်း ( တစ်ရက်လျှင် ၁၅ ဧကအထိ ပြီးစီးနိုင်သည်။)
    (နှံစားသီးနှံများ၊ ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်များ၊ ဆီထွက်သီးနှံများ၊ နှစ်ရှည်ပင်များ၊ ဥယျာဉ်ခြံ
    သီးနှံများ၊ ပန်းမန်ပင်များ စသည်ဖြင့် သီးနှံစုံအသုံးပြုနိုင်သည်။ မွေးမြူရေးခြံများတွင် သန့်ရှင်း
    ရေးနှင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ် တားဆီးရာတွင် အသုံးပြုနိုင်သည်။)

မြင်းကျား® GKMS-18-3 ကျောပိုးလေမှုတ်ဆေးဖျန်းစက် (Mist Blower/Sprayer)

farm-implement4

Tank Capacity 14 Litres
Fuel Tank Capacity 2.8 Litres
Machine Weight 10.5 Kg
Output 3.0 Kg/Min
  • လေပြင်းဖြင့် အမှုန့်ကိုမှုတ်ခြင်း၊ အရည်ကိုမှုတ်ခြင်း နည်းပညာကို အသုံးပြုထားသည်။ စက်ဖွဲ့စည်းတည်ဆောက်ပုံ ရှင်းလင်းလွယ်ကူသည်။ လုပ်ငန်းလုပ်ကိုင်ရာတွင် ကောင်းစွာ အားကိုးပြုနိုင်သည့်အပြင် ပြုပြင်ထိန်းသိမ်း မွမ်းမံရာတွင်လည်း လွယ်ကူသည်။
  • စက်အစိတ်အပိုင်းအချို့ကို ပြောင်းလဲ တပ်ဆင်ပေးခြင်းဖြင့် မတူညီသော အခြားလုပ်ငန်း တစ်ခုကို အလွယ်တကူ ဆက်လက် ဆောင်ရွက်သည်။
    • ဆေးရည် မှုတ်ဖျန်းခြင်း။
    • ဆေးမှုန့် မှုတ်ဖျန်းခြင်း။
    • ရှည်လျားသော အမြှေးပါးပိုက်ဖြင့် ကျယ်ပြန့်သော ဧရိယာ အကျယ်အ၀န်းကို ဆေးမှုန့်ပက်ဖျန်း ခြင်း၊ အခဲကြဲဖြန့်ခြင်း။ (ဥပမာ-ဓာတ်မြေသြဇာ၊ ဓာတုဆေးခဲ၊ စားကျက်မြက်မျိုးစေ့ကြဲဖြန့်ခြင်း)
    • အလွန်နည်းပါးသည့် ဆေးရည်ပမာဏဖြင့် ဆေးဖျန်းပေးခြင်း။

မြင်းကျား® ဘက်စုံသုံးရိတ်ဖြတ်စက် (Multi-Speed Harvester)

farm-implement5

  • ရိတ်သိမ်းရာတွင် လွယ်ကူခြင်း၊ လုပ်ငန်းခွင်သို့ သယ်ယူရာတွင် လွယ်ကူခြင်း။
  • စနစ်တကျ စုပုံထားနိုင်ခြင်း၊ စိုက်ခင်းရှင်းလင်း သန့်ရှင်းစေခြင်း။
  • ညီညာသောမြေ၊ တောင်ကုန်း အနိမ့်အမြင့်များ၊ သုံးနားမြေဒေါင့်ကွက်များ၊ ရွှံ့မြေများတွင်လည်း ရိတ်သိမ်းနိုင်ပါသည်။
  • စပါး၊ ဂျုံ၊ ပဲမျိုးစုံ ၊ ပြောင်း နှင့် သီးနှံပင်စိုက်ခင်းများတွင် သင့်လျော်သည့် ဓားသွားများ ပြုပြင် ပြောင်းလဲတပ်ဆင် ရိတ်သိမ်းပါ။
  • စိုက်ခင်းဝန်းကျင် ၊ စက်ရုံဝန်းကျင် ၊ ကစားကွင်း ၊ အိမ်ဝန်းကျင်ရှိ ချုံပုတ်များ၊ ပေါင်းပင်များကို ရှင်းလင်းနိုင်ပါသည်။ ကျူပင်၊ ကိုင်းပင်များ ရှင်းလင်းနိုင်သည်။
  • အလှစိုက်ပင်များ ကိုင်းဖြတ်ပြုပြင် ပုံသွင်းရာတွင် ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ပါသည်။
  • လုပ်ငန်းပြီးမြောက်မှု လျင်မြန်ခြင်း၊ အချိန်ကုန် သက်သာစေခြင်း၊ ကျွမ်းကျင်စွာ ရိတ်နိုင်မှုကြောင့် ရိတ်သိမ်းဧက ပိုမို ဆောင်ရွက်နိုင်ခြင်း။
  • အချိန်နှင့် ရင်းနှီးမှု သက်သာခြင်း၊ အကျိုးအမြတ် ပိုမိုရရှိစေခြင်း။
  • လုပ်သားအင်အား အခက်အခဲအား အချိန်မီ ဖြေရှင်းပေးနိုင်ခြင်း။
  • တစ်ရက်လျှင် ၃ – ၅ ဧက ရိတ်သိမ်းနိုင်သည်။

မြင်းကျား® GKMF 6GY25 ပိုးသတ်ဆေး/ မှိုသတ်ဆေးမှုတ်စက် (Multi Purpose Fogger)

farm-implement6

Tank Capacity 4 Litres
Fuel Tank Capacity 1.2 Litres
Machine Weight 7 Kg
Output 20-30 Litres/Hour
Fuel Consumption 1.3 Litres/Hour

အကျိုးကျေးဇူး

  • အသုံးပြုရာတွင် ပေါ့ပါးသွက်လက်၍ သက်တောင့်သက်သာရှိခြင်း။
  • လောင်စာဆီ အသုံးပြုမှု သက်သာခြင်း၊ စက်နှိုးရ လွယ်ခြင်း။
  • တစ်လလျှင် နှစ်ကြိမ်ခန့်သာ အသုံးပြုခြင်းဖြင့် အလွယ်တကူ နှိမ်နင်းနိုင်ခြင်း။

သတိပြုရန်

  • ဆေးထည့်ရာတွင် ဒီဇယ်ဆီကို ပထမထည့်ပြီးမှ ပိုးသတ်ဆေး ထည့်ရပါမည်။
  • စက်ကို အသုံးပြုပြီးတိုင်း ဆေးထည့်သော တိုင်ကီကို ဓာတ်ဆီအနည်းငယ်ဖြင့် ဆေးကြော ရမည်။
  • ဓာတ်ဆီဖြည့်ခြင်း၊ ဆီချူခြင်း၊ လေချူခြင်းများကို စက်မနှိုးမီ ပြုလုပ်ရမည်။

မြင်းကျား®GKMF – OR – FO1 ပိုးသတ်ဆေး/မှိုသတ်ဆေးမှုတ်စက် (Multi Purpose Fogger)

farm-implement7

Tank Capacity 2 Litres
Machine Weight 1.8 Kg
Output 1 Litres/Hour
  • အသုံးပြုရာတွင် ပေါ့ပါးသွက်လက်၍ သက်တောင့်သက်သာ ရှိခြင်း။
  • အိမ်ယာများ၊ ကိုယ်ပိုင်ခြံဝင်းအတွင်း လွယ်ကူစွာသုံးနိုင်ခြင်း။
  • ပတ်ဝန်းကျင် လူထုကျန်းမာရေး လုပ်ငန်းများ၌ ခြင် ၊ ယင် အစရှိသည့် အင်းဆက်ပိုးများကို အဆိပ်ငွေ့ မှိုင်းတိုက်ခြင်းဖြင့် ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများတွင် အသုံးပြုနိုင်သည်။

မြင်းကျား® လက်တွန်းထွန်စက်များ (Power Tillers)

Model : 1QSD91300R

farm-implement8

Engine Type KAMA 186F Electrical Start ( Battery : 12V, 36 Ah)
Fuel Diesel
Fuel Tank Capacity 5.5 Litres
Furrow Breadth(mm) 1350
Tine Rotate Diameter(mm) 100-250

Model : 1QSD61050R

farm-implement9

Engine Type KAMA 178F Electrical Start(Battery:12V,36Ah)
Fuel tank capacity(L) 3.5
Furrow breadth(mm) 1050
Tine rotate diameter(mm) 350

Model : TL80A

farm-implement10

Engine Type Loncin G200F ( Battery : 12 V, 36 Ah)
Fuel Gasoline
Fuel Tank Capacity 3.6 Litres
Furrow Breadth(mm) 830
Tine Rotate Diameter(mm) 315
Working Depth (mm) 150-180

Model : TL52A1

farm-implement11

Engine Type Loncin 1PG5FA
Fuel Gasoline
Fuel Tank Capacity 1.2 Litres
Furrow Breadth(mm) 580
Tine Rotate Diameter(mm) 315
Working Depth (mm) 150-180

အသုံးပြုပုံ

  • သဲဆန်သော မြေ ၊ သဲနုန်းမြေများတွင် သီးနှံစိုက်ပျိုးရန် ထွန်ယက်ရာ၌ အသုံးပြုနိုင်သည်။
  • ကော်ဖီ ၊ ရာဘာ ၊ သရက်စသည့် နှစ်ရှည်ပင်များအကြား ပေါင်းမြက်နှိမ်နင်း ရှင်းလင်းရာတွင် အသုံးပြုနိုင်သည်။

အကျိုးရှိပုံ

  • စက်သုံးဆီ အလွန်သက်သာသည်။
  • အချိန်တိုအတွင်း စိုက်ပျိုးမြေကို ထွန်ယက်နိုင်သည်။
  • ကိုင်တွယ် ၊ ထိန်းသိမ်းရာတွင် လွယ်ကူသည်။

မြင်းကျား® Q200-D3C ရေစုပ်စက် ( Pump with Engine )

farm-implement12

အသုံးပြုပုံ

  • ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ဖရဲ ၊ ဂန္ဓမာ ၊ နှင်းဆီ ၊ ခရမ်းချဉ် စသည့် ၀င်ငွေရသီးနှံ စိုက်ခင်း များ၊ နှမ်း၊ မြေပဲ ၊ ပဲတီစိမ်း စသည့် မိုးကြိုသီးနှံ စိုက်ခင်းများတွင် အသုံးပြုနိုင်သည်။

အကျိုးရှိပုံ

  • အချိန်တိုတိုအတွင်း ရေအလေအလွင့် နည်းစွာဖြင့် ပျံ့နှံ့ညီညာစွာ ရေဖျန်းပေးနိုင်သည်။
  • အချိန် ၊ စက်သုံးဆီ ၊ လုပ်သားအင်အား သက်သာစေသည်။
  • ပိုးသတ်ဆေး ၊ ရောဂါသတ်ဆေး ၊ အားဆေးများ ပက်ဖျန်းရန်အတွက် သုံးနိုင်သည်။
  • မိုးတုရွာသကဲ့သို့ ပက်ဖျန်းသဖြင့် သီးနှံပင်ကို ထိခိုက်ခြင်း လုံးဝမရှိပါ။
  • တပ်ဆင်ခြင်း၊ ဖြုတ်သိမ်းခြင်း တို့ကို လွယ်ကူစွာ ဆောင်ရွက်နိုင်သည်။